နည်းပြချုပ် ဦးစိုးမြတ်မင်း တာဝန်ယူကိုင်တွယ်နေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၁၉ အသင်းဟာ လာမယ့် နိုဝင်ဘာ ၆ ရက်နေ့ကစလို့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ အာရှ ယူ၁၉ ခြေစစ်ပွဲတွေကို စတင်ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။ အသင်းကြီးတွေ ဖြစ်တဲ့ တရုတ်၊ တောင်ကိုရီးယား စတဲ့အသင်းတွေ ပါဝင်နေတာကြောင့် မြန်မာအသင်းအတွက် ခက်ခဲစွာ ယှဉ်ပြိုင်ရမှာ ဖြစ်သလို ပွဲကြီးပွဲကောင်းများ အဖြစ် တွေ့မြင်ကြရမှာပါ။

photo credit : MFF 's facebook
photo credit : MFF 's facebook

ပွဲစဉ်တွေအတွက် ကွင်းဝင်ကြေးတွေကိုတော့ ရိုးရိုးတန်း ၁၀၀၀ ကျပ်နဲ့ အထူးတန်း ၂၀၀၀ ကျပ်သာ သက်မှတ်ထားပါတယ်။ ကွင်းထဲလာရောက် အားပေးနိုင်ခြင်းမရှိတဲ့ ပရိသတ်တွေ အတွက်လည်း My Sports Facebook Page နဲ့ မြန်မာ့ရုပ်မြင်သံကြား MRTV တို့ကနေ ပြသပေးသွားဖို့ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၁၉ အသင်းဟာ ပရိသတ်တွေ ကျေနပ်အားရလောက်တဲ့ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၁၉ အသင်းဟာတရုတ်(တိုင်ပေ) ဘောလုံး အဖွဲ့ချုပ်က အိမ်ရှင်အဖြစ် ဖိတ်ခေါ်ကျင်းပသည့် တရုတ်(တိုင်ပေ)ယူ၁၉ ဖိတ်ခေါ်ဖလားတွင် ဒုတိယဆု ရရှိခဲ့ပါတယ်။

source: MFF 's facebook  

photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။