ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော် သရုပ်ဆောင်မင်းသမီးချောလေး နေခြည်ဦးကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် Beauty Blogger တစ်ဦးလည်း ဖြစ်ပါတယ်နော်..။

မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ ချီချီလေးကတော့ အမြဲလန်းဆန်းတက်ကြွမှုလေးတွေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအမြဲရှိပြီး ပွင့်လင်းတဲ့စကားပြောဟြန်လေးတွေနဲ့ ချစ်စဖွယ်အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာပါ..။


Photo Credit – beautybynaychi’s Facebook
Photo Credit – beautybynaychi’s Facebook
Photo Credit – beautybynaychi’s Facebook

ပရိသတ်တွေရဲ့ အသည်းကျော်လေး ချီချီလေးကတော့ လတ်တလောမှာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်နေတဲ့ Kanebo ရဲ့ အခမ်းအနားပွဲလေးကို တက်ရောက်ရင်း ပျော်နေပါတယ်နော်..။

ကိုယ့်ကိုကိုယ် အမြဲယုံကြည်မှုအပြည့်နဲ့ ချစ်စရာကောင်းတဲ့ ချီချီလေးဟာ အခုတစ်ခါမှာလည်း ကိုယ်တစ်ယောက်တည်း အထီးကျန်နေရင်ဘာလုပ်မလဲဆိုတဲ့ မေးခွန်းလေးကို ခပ်ချေချေပုံစံလေးနဲ့ ချစ်စဖွယ်လေး ဖြေပြလိုက်ပါတယ်နော်..။


Photo Credit – beautybynaychi’s Facebook
Photo Credit – beautybynaychi’s Facebook
Photo Credit – beautybynaychi’s Facebook

ဘန်ကောက်မြို့ရဲ့ ရှုခင်းအလှတွေကို ကြည့်ရှု့ခံစားရင်း တစ်ယောက်တည်းအထီးကျန်ရင် ဘာလုပ်မလဲဆိုတဲ့ အမေးလေးကို လက်တွေ့ပြပြီး ခပ်ချေချေလေး ပြန်ဖြေလိုက်တဲ့ သူမရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေက သဘောကျနေကြပါတယ်နော်..။

ဒီကနေ့လေးမှာတော့ Kanebo အခမ်းအနားလေးကို တက်ရောက်ခဲ့တဲ့ ချီချီလေးရဲ့ ပုံရိပ်လေးတွေနဲ့အတူ ခပ်ချေချေလေး ပြောပြလိုက်တဲ့ သူမရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။


Photo Credit – beautybynaychi’s Facebook
Photo Credit – beautybynaychi’s Facebook
Photo Credit – beautybynaychi’s Facebook

Photo Credit – beautybynaychi’s Facebook

Video Source - Nay Chi Oo’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။