အဆုပ်ရောဂါ (Tuberculosis)
တီဘီ ရောဂါဟု ထင်ရှားသည့် အဆုပ်ရောဂါသည် အသက်ရှူရာမှ ကူးစက်သည့် ကြောက်မက်ဖွယ် ရောဂါတစ်မျိုးဖြစ်ကာပုံစံ နှစ်မျိုးဖြစ်ပွားလေ့ရှိပါတယ်။ ပထမ တီဘီ အမျိုးအစားသည် အလွယ်တကူ မကူးစက်နိုင်ဘဲ လူတိုင်းတွင်ရှိသည့် ခန္ဓာကိုယ်တွင်း ခုခံနိုင်စွမ်းက ယင်းကို ဖယ်ထုတ်ပစ်နိုင်ခဲ့ပါတယ်။ကမ္ဘာပေါ်ရှိ လူဦးရေ သုံးပုံတစ်ပုံတွင် အခုလိုမထင်ရှားတဲ့ တီဘီရောဂါပိုးများရှိနေကြ ပါတယ်။
ဒုတိယ အမျိုးအစားမှာမူ ကူးစက်ရာမှဝင်ရောက်လာသည့် အဆုပ်ရောဂါဖြစ်ပြီး ခန္ဒာကိုယ်ခုခံအား လျော့နည်းလာချိန်များတွင် ထင်ရှားသည့် တီဘီ ရောဂါက ဖြစ်ပေါ်လာနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ ချောင်းဆိုးခြင်း၊ ရင်ပတ်အောင့်ခြင်း၊ညဘက်တွင်ချွေးထွက်ခြင်း၊စားသောက်လိုစိတ်လျော့နည်းလာခြင်းစသည်တို့ကို အပြင်းအထန် ခံစားကြရလေ့ရှိပါတယ်။ ခုခံအားကျ ရောဂါ (HIV/ AIDS) ဖြစ်ပေါ်လာမှုသည် အဆုပ်ရောဂါ ပြင်းထန်စွာ ဖြစ်လာမှုနှင့် ဆက်နွယ်နေ ပါတယ်။
ခန္ဓာကိုယ်က ခုခံ အားကျဆင်းလာချိန်တွင် ခန္ဓာကိုယ်တွင်းရှိ မထင်ရှားသော ဗိုင်းရပ်စ်ပိုးများကိုပင် မတားဆီးနိုင်တော့ပါဘူး။ အဆုပ်ရောဂါသည် နို့မှ တစ်ဆင့် ကူးစက်နိုင်ကြောင်းကို ၁၉ ရာစုတွင် တွေ့ရှိခဲ့ကြပြီး နွားနို့ကို အပူပေး၍ ပိုးသတ် သည့် စနစ်ကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပါတယ်။ ထိုကဲ့သို့ နို့နှင့် နို့ထွက်ပစ္စည်းများကို ပိုးသတ်ကာ စားသုံးခြင်းဖြင့် အဆုပ်ရောဂါဖြစ်ပွား မှုကို လျှော့ချနိုင်ခဲ့ပါတယ်။
Source : မောင်သာရှေးဟောင်းသုတေသန
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။