ပရိသတ်တွေချစ်ရတဲ့ သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံကတော့ ခင်ပွန်းဖြစ်သူနဲ့ ရွှေလက်တွဲခဲ့တာ ဒီနေ့အောက်တိုဘာလ (၁၈) ရက်နေ့ဆိုရင် မင်္ဂလာသက်တမ်း (၃) နှစ်တိတိပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့မှာ မင်းသမီးချောလေး မိုးယုစံတို့ဇနီးမောင်နှံက ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကြီးကို ကျင်းပပြလုပ်ပြီး လက်ထပ်ထိမ်းမြားခဲ့ကြတာပဲ ဖြစ်ပါတယ်။

Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB

အိမ်ထောင်ကျပြီးနောက်ပိုင်းကတည်းက မိုးယုစံအနေနဲ့ အနုပညာအလုပ်တွေကို အနည်းငယ်သာ လုပ်ကိုင်တော့တာ ဖြစ်ပါတယ်။ အခုဆိုရင် မိုးယုစံတို့ဇနီးမောင်နှံက ချစ်စရာကောင်းတဲ့ သားဦးလေး ကောင်းသိင်္ခမိုးသူကို ပိုင်ဆိုင်ရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိုးယုစံရဲ့မိသားစုဘဝလေးကိုတော့ ပရိသတ်တွေက အားကျချစ်ခင်နေရတာပဲ ဖြစ်ပါတယ်။

Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB

ဒီနေ့မှာတော့ မိုးယုစံက " [၃]နှစ်ပြည့် သားရေရတု မင်္ဂလာနှစ်ပတ်လည် " ဆိုပြီး ချစ်ခင်ပွန်းနဲ့ အမှတ်တရပုံရိပ်တွေကို မျှဝေခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မိုးယုစံတို့စုံတွဲလေးရဲ့ကြည်နူးစရာပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ချစ်ပရိသတ်တွေကလည်း မိုးယုစံတို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်သက်တမ်း (၃) နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတောင် ရွှေလက်တွဲနိုင်ဖို့ ဆုတောင်းစကားလေးတွေလည်း ပြောပေးခဲ့ကြပါဦးနော်။

Photo Credit-Moe Yu San's FB

Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။