ပရိသတ်ကြီးရေ...ဒီတစ်ခါမှာတော့ သဘာဝဘေးအန္တရာယ်သင့်တုန်း အမိအရရိုက်ကူးခဲ့တဲ့ မြင်ကွင်းတွေက စိတ်ဝင်စားဖွယ်၊ အမှတ်တရအနေနဲ့ တည်ရှိနေပုံကို တင်ဆက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်...။ အနုပညာသတင်း၊ အားကစားသတင်း၊ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့တပြေးညီတင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကိုတော့ Like and see first လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်...။ ကဲ...စာဖတ်ပရိသတ်ကြီးရေ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှာ ကျရောက်ခဲ့တဲ့ သဘာဝဘေးအန္တရာယ် ပုံရိပ်တွေက မြင်တာနဲ့တင် တစ်ကယ့်ကို ကြက်သီးမွှေး ထချင်စရာ ကောင်းလောက်အောင် ပင်ဖြစ်ပါတယ်...။

Photo Credit pngtree

ဂျပန်နိုင်ငံက မုန်တိုင်းဒဏ်၊ ငလျင်ဒဏ်၊ ဆူနာမီဒဏ်တို့နဲ့ ခဏခဏ ကြုံတွေ့နေရတာကို ပရိသတ်ကြီးတို့ အနေနဲ့ သိပြီးကြပြီးပြီဖြစ်မှာပါ...။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်တာမလို့ အချိန်တိုအတွင်းမှာပဲ မူလပုံစံအတိုင်း ပြန်လည်ကောင်းမွန်သွားတဲ့ပုံရိပ်တွေက ကြည့်ရှုသူအပေါင်းတို့အနေနဲ့ အထူးအဆန်းဖြစ်တော့မှာ မဟုတ်ပါဘူးနော်...။ ကြိုတင်ပြင်ဆင်မှုလည်းရှိပြီး နည်းစနစ်ကျကျ ဆောက်လုပ်မှုတွေကြောင့် လေဒဏ်၊ မိုးဒဏ် သင့်တဲ့ တိုက်တာအဆောက်အအုံတွေက မြစ်ထဲပင်လယ်ထဲ မျောပါသွားတာတောင် နဂိုမူလမှ အနည်းငယ်မျှလောက်သာ ယိုယွင်းပျက်စီး ရုံလောက်ပဲရှိတာကို ရဟတ်ယာဉ်မှ ရိုက်ကူးခဲ့တဲ့ ပုံရိပ်က သက်သေပြနေတာဖြစ်ပါတယ်....။

Photo Credit pngtree

ဂျပန်မှာ "9 Magnitude" ရှိတဲ့ ငလျင်တစ်ခုလှုပ် ခတ် အပြီး ဆူနာမီဖြစ်ပေါ်ခဲ့တာကြောင့် နှစ်ရက် အကြာမှာ အိမ်တစ်လုံး ပင်လယ်ထဲမှာ မျောပါနေပုံကို ရဟတ်ယာဉ်မှ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်...။ ထိုမျောပါနေတဲ့ အိမ်က တော်တော်လေးကို ခိုင်မာတယ်လို့ မှတ်ချက်ချရမှာ ဖြစ်ပါတယ်...။ နောက်ပြီး "USA" အမေရိကန်နိုင်ငံ မစ္စပီကနေ ဂျော်ဂျီယာပြည်နယ်ကို ဖြတ်သွားခဲ့တဲ့ ရက်စက်တဲ့ မုန်တိုင်းတစ်ခုဟာ လူအသက်အိုးအိမ်ပေါင်းများစွာကို ဖြတ်စီးသွားခဲ့ပါတယ်...။ ထိုမုန်တိုင်းအစပြုနေပုံကို အမိအရ ရိုက်ကူးခဲ့ပြီး ပရိသတ်တို့အနေနဲ့ မျက်ဝါးထင်ထင်မြင်တွေ့ရမှာပါ..။ ၎င်းရာသီမှာ တစ်ပါတ်အတွင်း ထူးဆန်တဲ့ လေဆင်နှာမောင်ကြီး ၃၅ခု ဖြစ်ပေါ်ခဲ့ပြီး လူ၂၃၆ ဦးသေဆုံးခဲ့ပါတယ်....။

Source Once A Glance Page

Photo Credit pngtree 

Photo Credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။