ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ပိုင်ဆိုင်ထားတဲ့ ပြည်သူ့အချစ်တော်အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဖြိုးငွေစိုးနဲ့ အေးဝတ်ရည်သောင်းတို့ကလည်း အားလုံးရဲ့ အသည်းကျော်လေးတွေပါပဲ..။

ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်မှာ အချိန်အတော်ကြာ ရပ်တည်နေကြတဲ့ သူတို့နှစ်ယောက်ကတော့ အနုပညာအလုပ်တွေကိုလည်း အတူလုပ်ဆောင်နေပြီး လတ်တလောမှာလည်း ဇာတ်လမ်းတွဲလေး ရိုက်ကူးထားပါတယ်နော်..။


Photo Credit - Phyo Ngwesoe’s Facebook
Photo Credit - Phyo Ngwesoe’s Facebook

အခုတစ်ခါမှာလည်း မအေးသောင်းလေးတစ်ယောက် ဖြိုးငွေစိုးကို သရဲခြောက်ချင်ပေမယ့် သရဲမျက်နှာဖုံးကို နောက်စေ့မှာ တပ်ခဲ့မိလို့ အလွဲလေးတွေ ဖြစ်ခဲ့ရပြီး ဖြိုးငွေစိုးကလည်း အံ့သြရင်း အံ့သြနေပါတယ်နော်..။

“အလွမ်းအေးအေး အချစ်စိမ့်စိမ့်” ဇာတ်လမ်းတွဲလေး ရိုက်ကူးရင်း ရိုက်ကွင်းပေါ်မှာ သရဲခြောက်ခဲ့တာဖြစ်ပြီး အလွဲလေးတွေဖြစ်ခဲ့ကြတဲ့ ပုံရိပ်လေးတွေကလည်း တကယ်ကို ချစ်စရာလေးပါနော်..။


Photo Credit - Phyo Ngwesoe’s Facebook
Photo Credit - Phyo Ngwesoe’s Facebook

“ဝင်တိုက်မိမှာစိုးလို့တဲ့ သရဲခြောက်မဲ့သူက..” ဆိုပြီး ဖြိုးငွေစိုးက ဗီဒီယိုဖိုင်လေးနဲ့အတူ ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာဖြစ်ပြီး ပရိသတ်တွေကလည်း နှစ်ယောက်လုံးကို သဘောကျနေကြပါတယ်နော်..။

စနောက်ရင်း ပျော်နေကြတဲ့ ပရိသတ်အချစ်တော်လေးနှစ်ယောက်ရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ ပရိသတ်တွေလည်း အချစ်ပိုနေကြမှာပါနော်..။


Photo Credit - Phyo Ngwesoe’s Facebook
Photo Credit - Phyo Ngwesoe’s Facebook

Photo Credit - Phyo Ngwesoe’s Facebook

Video Source - Phyo Ngwesoe’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။