ကျရာဇာတ်ရုပ်တိုင်းကိုပီပြင်စွာသရုပ်ဆောင်ခဲ့တာကြောင့် အကယ်ဒမီထူးချွန်ဆုရရှိပိုင်ဆိုင်ခဲ့သူကတော့ သရုပ်ဆောင်ထွန်းထွန်းပါ။ သူဟာ သရုပ်ဆောင်ပိုင်းတွင်ပီပြင်ရုံသာမက အဆိုဘက်တွင်လည်း ထူးချွန်သူတစ်ယောက်ပါ။ တည်ကြည်ခန့်ညားပြီး ဖက်ရှင်ကျကျဝတ်ဆက်တတ်တာကြောင့်လည်း နှုတ်ခမ်းနီမလေးတွေကကြွေနေရတာပါ။ 

Photo Credit- Htin Aung Tun’s Facebook
Photo Credit- Htin Aung Tun’s Facebook
Photo Credit- Htin Aung Tun’s Facebook

လတ်တလောမှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ " ပပဝတီ စီရင်ခန်း " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ရုံတင်ပြသလျက်ရှိနေတာပါ။ ဒီဇာတ်ကားကြီးမှာတော့ မိုးဟေကို၊ဖွေးဖွေး စတဲ့အနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတာပါ။ ထွန်းထွန်းဟာ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိနေတာပါ။

Photo Credit- Htin Aung Tun’s Facebook
Photo Credit- Htin Aung Tun’s Facebook
Photo Credit- Htin Aung Tun’s Facebook

မကြာသေးခင်ကကျင်းပခဲ့တဲ့ နှင်းဆီလှေ ရန်ပုံငွေအငြိမ့်ဖျော်ဖြေပွဲတွင် ဖိလစ်ပိုင်မော်ဒယ် SinonLoresca ရဲ့ပုံစံအတိုင်းသရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးခြင်းကို ရရှိခဲ့တာပါ။ အခုတစ်ခါမှာလည်း SinonLorescaနဲ့အတူ Catwalk လျှောက်ကာ ပျော်ရွှင်နေကြတဲ့ ဗီဒီယိုလေးကို SinonLoresca ရဲ့ Facebook Page တွင် တင်ထားတာပဲဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- SinonLoresca Facebook Page

Photo Credit- Htin Aung Tun’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။