မင်းသမီးချောလေး မိုးယုစံကတော့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ရရှိခဲ့တာ အချိန်အတော်ကြာရှိခဲ့ပြီ ဖြစ်ပါတယ်။ မိုးယုစံက ချစ်စရာကောင်းတဲ့ မျက်နှာလှလှလေးနဲ့အတူ ပြစ်မျိုးမှဲ့မထင်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မိုးယုစံက ကလေးတစ်ယောက်အမေလို့ မထင်ရအောင် အခုအချိန်အထိ လှပနုပျိုနေဆဲ ဖြစ်ပါတယ်။

Photo Credit - Moe Yu San's FB
Photo Credit - Moe Yu San's FB

ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၈) ရက်နေ့မှာပဲ မိုးယုစံနဲ့ သူမရဲ့ချစ်ခင်ပွန်းက မင်္ဂလာသက်တမ်း (၃) နှစ်တိတိ ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာတော့ မိုးယုစံက မိသားစုနဲ့အတူတူ ညစာစားပွဲလေး ကျင်းပပြုလုပ်ခဲ့ပါတယ်။ မိုးယုစံရဲ့ချစ်ခင်ပွန်းကလည်း Anniversary Present အနေနဲ့ တန်ဖိုးကြီးအမှတ်တရပစ္စည်းတစ်ခုကို လက်ဆောင်ပေးခဲ့ပါတယ်။

Photo Credit - Moe Yu San's FB
Photo Credit - Moe Yu San's FB
Photo Credit - Moe Yu San's FB

မိုးယုရဲ့ခင်ပွန်းက သူချစ်ရတဲ့ချစ်ဇနီးချောလေးအတွက် စန္နရားလက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိုးယုစံက '' ချစ်ယောက်ျားရဲ့ Anniversary Present '' ဆိုပြီးပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်ပွန်းလက်ဆောင်ပေးထားတဲ့ စန္နာရားလေးနဲ့အတူ အမှတ်တရရိုက်ကူးထားတဲ့ မိုးယုစံရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Moe Yu San's FB 

Photo Credit - Moe Yu San's FB
Photo Credit - Moe Yu San's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။