ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချော သဉ္ဇာနွယ်ဝင်းကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ပရိသတ်တွေအားလုံးရဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားသူပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ကောင်းမှုတွေအပြင် ချစ်စရာကောင်းတဲ့ သူမရဲ့ဟန်ပန်လေးတွေနဲ့ အပြုံးချိုချိုလေးတွေကလည်း မင်းသမီးချော သဉ္ဇာနွယ်ဝင်းရဲ့ ချစ်စရာကောင်းတဲ့ ဆွဲဆောင်မှုလေးတွေပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Thinzar Nwewin's Facebook
Photo Credit - Thinzar Nwewin's Facebook

သဉ္ဇာနွယ်ဝင်းကတော့ ၀၀ကစ်ကစ်လေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ သားလေး Peach Lay ကိုမွေးဖွားပိုင်ဆိုင်ထားပြီး လတ်တလောမှာ ဒုတိယရင်သွေးလေးဖြစ်တဲ့ သမီးလေးကိုလည်း ကိုယ်ဝန်လွယ်ထားသူလေးပါနော်..။

ရင်သွေးလေးတွေနဲ့ မိသားစုကိုအချိန်အပြည့်ပေးဖြစ်နေတဲ့ သဉ္ဇာလေးကတော့ အနုပညာအလုပ်တွေနည်းပါးသွားပေမယ့် ချစ်မြတ်နိုးရတဲ့ အနုပညာပိုးတွေက မကုန်နိုင်သေးလို့ သမီးလေးမွေးပြီး သမီးလေးကြီးမှ မင်းသမီးမေမေ လုပ်ပါတော့မယ်တဲ့နော်..။

Photo Credit - Thinzar Nwewin's Facebook
Photo Credit - Thinzar Nwewin's Facebook

လက်ရှိမှာတော့ မိသားစုကိုအချိန်ပေးပြီး သားနဲ့ သမီးကိုပဲ ထိန်းတော့မှာဖြစ်ပြီး အနုပညာအလုပ်တွေအပေါ် ခင်တွယ်လွန်းတဲ့ သူမကတော့ သမီးလေးကြီးလာမှ မင်းသမီးမေမေ လုပ်တော့မယ်ဆိုပြီး ချစ်စဖွယ်လေး ပြောပြထားတာပါနော်..။

"အနုပညာပိုးကလဲ ရိုက်သတ်လဲမသေပါလားနော် ဒီဘဝတော့ သားနဲ့သမီးကိုပဲလိုက်ထိန်းတော့မယ် ဘာအလုပ်မှမလုပ်တော့ဘူးလို့စဉ်းစားထားတော့ သမီးကြီးလာမှ မင်းသမီးမေမေလိုက်လုပ်တော့မယ်.." ဆိုပြီး ပြောပြထားတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်နော်..။

Photo Credit - Thinzar Nwewin's Facebook
Photo Credit - Thinzar Nwewin's Facebook

Photo Credit - Thinzar Nwewin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။