အဆိုတော်၊သရုပ်ဆောင် ရွှေထူးနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုန်ရတီတို့စုံတွဲလေးကိုတော့ ပရိသတ်တွေအားလုံးက အားကျချစ်ခင်နေရတာ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် မျက်စိရှေ့က အပျောက်မခံနိုင်လောက်အောင် ချစ်တတ်ကြတဲ့ ရွှေရွှေတို့ဇနီးမောင်နှံကိုတော့ အချစ်ငှက်လေးတွေလို့တောင် တင်စားထားရတာ ဖြစ်ပါတယ်။

Photo Credit - Htoo Khant's FB
Photo Credit - Shwe Hmone Yati's FB

ရွှေရွှေတို့စုံတွဲလေးက ချစ်ချစ်ခင်ခင်နဲ့ ရွှေလက်တွဲလာခဲ့တာ မကြာခင်မှာဆိုရင် မင်္ဂလာသက်တမ်းတစ်နှစ်တိတိ ပြည့်တော့မှာ ဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ အတူလက်တွဲပြီး လျှောက်လှမ်းနေတဲ့ သူတို့စုံတွဲလေးက တစ်နေ့တစ်ခြားအောင်မြင်မှုတွေ ပိုမိုရရှိနေတာ ဖြစ်ပါတယ်။ အခုလည်း ရွှေထူးက ချစ်ဇနီးလေးရဲ့စကားကြောင့် ကြည်နူးပီတိတွေဖြစ်ခဲ့ရပါတယ်။

Photo Credit - Htoo Khant's FB
Photo Credit - Htoo Khant's FB
Photo Credit - Htoo Khant's FB

ရွှေမှုန်က ''သူနဲ့ပတ်သက်လာရင် အရာရာကလှပတယ်လို့ ခံစားရစေတယ် သူ့ကိုမြင်နေရရင်ကို ပျော်ရွှင်လာတယ်ဘာကြောင့်လဲဆိုတော့ သူဖြစ်နေလို့ကိုအဲ့လိုခံစားမှုတွေ ဖြစ်လာတာပဲ တကယ်တော့အချစ်က လူကိုကြည်နူးစေတယ်ကွယ်'' ဆိုပြီးတင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ရွှေထူးက ''တစ်ခါတစ်လေငါ့ကိုမချစ်ချင်ယောင်ဆောင်တဲ့ပုံက သိပ်ကိုအမြင်ကပ်စရာကောင်းစေတယ်'' ဆိုပြီးစကားဆိုထားတာပဲ ဖြစ်ပါတယ်။ ရွှေရွှေတို့ဇနီးမောင်နှံကတော့ အရမ်းကို Romantic ဆန်ဆန် ချစ်တတ်လွန်းတဲ့စုံတွဲလေးပါပဲနော်။

Photo Credit - Htoo Khant's FB & Shwe Hmone Yati's FB 

Photo Credit - Htoo Khant's FB
Photo Credit - Shwe Hmone Yati's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။