ပရိသတ်တွေအရိပ်တကြည့်ကြည့်နဲ့စောင့်ကြည့်အားပေးခြင်းကိုရရှိထားတဲ့မင်းသမီးတစ်လက်ပါ။ သူမရဲ့သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း လက်ရှိမှာအောင်မြင်တဲ့မင်းသမီးတစ်လက်အဖြစ် ရပ်တည်နေတာပါ။ ခြူးလေးဟာ ရုပ်သံဇာတ်လမ်းတွဲတွေသာမကပဲ ရုပ်ရှင်ဇာတ်ကားကြီးများပါ ရိုက်ကူးနေရတာပါ။
မကြာခင်မှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရုံတင်ပြသတော့မှာပါ။ ခြူးလေးဟာ Tik Tok ဆော့ကစားရတာကိုလည်း သဘောကျနှစ်ခြိုက်သူတစ်ယောက်ပါ။ သူမရဲ့Tik Tok လေးတွေမှတစ်ဆင့် ခြူးလေးရဲ့သရုပ်ဆောင်ပီပြင်မှုတွေကိုလည်း တွေ့ရှိရမှာပါ။
အခုတစ်ခါမှာလည်း ဒိတ်ဒိတ်ကြဲမင်းသမီးကြီးတွေရဲ့သရုပ်ဆောင်ပုံအတိုင်း တစ်ထပ်တည်းကျအောင် သရုပ်ဆောင်ထားတဲ့ သူမရဲ့Tik Tok လေးတွေကို ဝေမျှလိုက်ပြန်ပါပြီ။ ဒီ Tik Tok လေးတွေထဲမှာတော့ လတ်တလောမှာနာမည်ကြီးနေတဲ့ သရုပ်ဆောင်ထားတာတွေပါ တွေ့ရှိရမှာပါ။ ပရိသတ်တွေအတွက် ခြူးလေးရဲ့ Tik Tok video လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။
Source- Chue Chue’s Tik Tok
Photo Credit- Chue Lay’s Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။