သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင်ကတော့ ဇေဝတီလှိုင်၊ ဇေရတီလှိုင်၊ ဇေမဒီလှိုင်ဆိုတဲ့ ချစ်စရာသမီးချောလေး သုံးယောက်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သမီးသုံးယောက်ရဲ့မိခင်ဖြစ်တဲ့ နန္ဒာလှိုင်က အခုချိန်အထိ ပြောင်းလဲခြင်းမရှိဘဲ အရွယ်တင်နုပျိုလှပနေတာ ဖြစ်ပါတယ်။ နန္ဒာလှိုင်က အိမ်ထောင်ကျပြီးကတည်းက အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာလည်း ဖြစ်ပါတယ်။ 

Photo Credit - Nandar Hlaing's FB
Photo Credit - Nandar Hlaing's FB

နန္ဒာလှိုင်က စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေသလို သမီးလေးသုံးယောက်ကိုလည်း ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ်။ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ နန္ဒာလှိုင်တို့မိသားစုလေးကိုတော့ ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။ အခုလည်း နန္ဒာလှိုင်ရဲ့ခင်ပွန်းက သမီးလေးတွေရဲ့ချစ်စရာပုံရိပ်လေးတွေကို တင်ပေးထားပါတယ်။

Photo Credit - Nandar Hlaing's FB
Photo Credit - Zay Thiha's FB
Photo Credit - Zay Thiha's FB

နန္ဒာလှိုင်ရဲ့ခင်ပွန်းက ''ကာတွန်းကား ကြည့်နေကြတယ်ကွယ် '' ဆိုပြီး အချင်းချင်းဖက်နေကြတဲ့သမီးလေးတွေရဲ့ ပုံရိပ်လေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်။ မမတွေကိုဖက်ပြီး ကာတွန်းကားကြည့်နေကြတဲ့ နန္ဒာလှိုင်ရဲ့သမီးအငယ်ဆုံးလေးကလည်း အရမ်းကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နန္ဒာလှိုင့်သမီးလေးတွေရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Zay Thiha's FB & Nandar Hlaing's FB

Photo Credit - Zay Thiha's FB
Photo Credit - Zay Thiha's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။