မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ ပြည်တွင်းမှာသာမက ပြည်ပအထိပါ လူကြိုက်များတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ဝတ်မှုံရွှေရည်ရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်မက ရှိနေပြီဖြစ်လို့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးစာရင်းဝင်လည်းဖြစ်ပါတယ်နော်။ပရိသတ်တွေကတော့ ဝတ်မှုံရွှေရည်ကို ချစ်စနိုးလေးနဲ့ ရွှေကစ်လို့ခေါ်ဝေါ်ကြပါတယ်။

Photo Credit:Wutt Hmone Shwe Yi's Facebook
Photo Credit:Wutt Hmone Shwe Yi's Facebook
Photo Credit:Wutt Hmone Shwe Yi's Facebook

ဝတ်မှုံရွှေရည်က အသက်၃၁နှစ်အရွယ်ဖြစ်ပေမယ့်လည်း အမြဲနုပျိုလှပနေပြီး ဆယ်ကျော်သက်လေးလို လန်းဆန်းတက်ကြွနေဆဲဖြစ်ပါတယ်။ဖြူဖွေးနုဖတ်တဲ့အသားအရည်လေးတွေက အရေးအကြောင်းကင်းစင်ပြီး မိန်းကလေးချင်းတောင်ငေးမောယူရမယ့်အလှအပတွေကို ပိုင်ဆိုင်ထားတာပါနော်။အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတဲ့ ကစ်က အခုဆိုရင် ဘန်ကောက်ကိုရောက်ရှိနေတာဖြစ်ပါတယ်။

Photo Credit:Wutt Hmone Shwe Yi's Facebook
Photo Credit:Wutt Hmone Shwe Yi's Facebook
Photo Credit:Wutt Hmone Shwe Yi's Facebook
Photo Credit:Wutt Hmone Shwe Yi's Facebook

ရွှေကစ်က ထိုင်းမှာ ကျင်းပတဲ့ Cosmetic Brand တစ်ခုရဲ့ပွဲကို နေခြည်ဦး မေဦး လင်းလင်းတို့နဲ့အတူ တက်ရောက်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ ညစာစားပွဲလေးကို အဖြူရောင်ဝတ်စုံလေးနဲ့ တလက်လက်တောက်ပစွာလှပနေပြီး ပွဲလာသူတွေအကုန်ငေးမောနေရတဲ့ ရွှေကစ်ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Wutt Hmone Shwe Yi's Facebook
Photo Credit:Wutt Hmone Shwe Yi's Facebook
Photo Credit:Wutt Hmone Shwe Yi's Facebook
Photo Credit:Wutt Hmone Shwe Yi's Facebook

Photo Credit:Wutt Hmone Shwe Yi's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။