မင်းသမီးချောလေး မေကဗျာကတော့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်အဖြစ် ရပ်တည်လာခဲ့တာ အချိန်တစ်ခုကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ပိန်ပိန်သွယ်သွယ် Body လေးနဲ့ မျက်နှာလေးကလည်း ကလေးဆန်ဆန်လေးချစ်ဖို့ကောင်းတဲ့ မေကဗျာက အမြဲတမ်းငယ်ရွယ်နုပျိုလှပနေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲဖြစ်တဲ့ မေကဗျာကိုတော့ ဇာတ်လမ်းတွဲတွေမှာလည်း မြင်တွေ့နေရတာ ဖြစ်ပါတယ်။

Photo Credit - May Kabyar's FB
Photo Credit - May Kabyar's FB
Photo Credit - May Kabyar's FB

ဒီရက်ပိုင်းမှာလည်း မေကဗျာက အကပြိုင်ပွဲတစ်ခုအတွက် ပြင်ဆင်နေကြောင်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်ပေးထားပါတယ်။ ဒီနေ့မှာတော့ မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း) က မေကဗျာအတွက် ပြင်ဆင်ခြယ်သပေးထားတဲ့ပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။ မြင်နေကျပုံစံတွေနဲ့လုံးဝမတူတဲ့ မေကဗျာရဲ့အမိုက်စားပုံရိပ်တွေကတော့ တကယ်ပဲ လူမှားစေနိုင်တာ ဖြစ်ပါတယ်။

Photo Credit - Nyi Nyi Maung's FB
Photo Credit - Nyi Nyi Maung's FB

သုသုက ''May Kabyar အကပြိုင်ပွဲ အတွက် သု ရဲ့မိတ်ကပ်ဆံပင်ပြင်ဆင်မှု လေးပါ မိတ်ကပ်ရော ဆံပင်ပါမြင်နေကျပုံကခွဲထွက် အမိုက်စားပြင်ပေးထားတယ် '' ဆိုပြီး တင်ပေးထားတာ ဖြစ်ပါတယ်။ အနီရောင်ဖက်ရှင်နဲ့ ရဲရဲတောက်လှနေတဲ့ မေကဗျာကတော့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မေကဗျာရဲ့အမိုက်စားပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - May Kabyar's FB & Nyi Nyi Maung's FB

Photo Credit - Nyi Nyi Maung's FB
Photo Credit - Nyi Nyi Maung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။