အောက်တိုဘာ ၂၁ ရက်တွင် စတင်ကျင်းပသွားမည့် ရခိုင်ပြည်နယ်အဆင့် MPT U-14 Football Tournament 2019 ပြိုင်ပွဲအတွက် အသက် စစ်ဆေးမှုများ ပြုလုပ်ရာတွင် ကစားသမား ၁၈ ဦး အသက်ကျော်လွန်နေသည်ကို စစ်ဆေး တွေ့ရှိခဲ့ခြင်းကြောင့် ယင်းကစားသမားများအား ပြိုင်ပွဲကျင်းပရေးမှ ပါဝင်ယှဉ်ပြိုင်ခွင့် မပေးခဲ့ဘဲ သက်ဆိုင်ရာ ဒေသများသို့ ပြန်လည် စေလွှတ်ခဲ့ရပါတယ်။
အသက်ကျော် ကစားသမားများ ပါဝင်လာခြင်း မရှိစေရေး အတွက် ပြီးခဲ့သည့် ပြိုင်ပွဲများနည်းတူ ကစားသမားများ အသက်မှန်ကန်ရေးကို ဦးစားပေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ပြိုင်ပွဲအတွက် ကစားသမားများအား အသက်စစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် သံသယရှိ ကစားသမား ၃၄ ဦးကို ဓာတ်မှန်ရိုက်ကာ စစ်ဆေးမှု ပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ စစ်ဆေးရာတွင် ကစားသမား ၁၈ ဦးမှာ အသက်ကျော်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တို့ အနေဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပသွားမည့် MPT ယူ-၁၄ ဘောလုံးပြိုင်ပွဲများတွင်လည်း ကစားသမားများ အသက်မှန်ကန်ရေးကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
-source: MNL ' s facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။