အောင်မြင်နေတဲ့အဆိုတော်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်တဲ့ မနောကတော့ ချစ်ပရိသတ်တွေရဲ့တခဲနက်အားပေးခြင်းကိုခံနေရတဲ့နိုင်ငံကျော်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။မနောကတော့ အလှူပွဲတွေမှာ သူရဲ့ သီချင်းတွေမပါရင် ပွဲမစည်လောက်အောင် ပရိသတ်တွေအားပေးခြင်းကိုခံနေရတဲ့ ပရိသတ်အသည်းကျော်အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်

Photos credit - Mannaw's fb account
Photos credit - Mannaw's fb account

မနောကတော့ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျစေမယ့် သီချင်းကောင်းလေးတွေကို ဖန်တီးထားပါတယ်။ ကိုယ်ပိုင်သံစဉ်သီချင်းလေးတွေကို ဖန်တီးပြီး ပရိသတ်တွေကို အမြဲမျှဝေလေ့ရှိသူလည်း ဖြစ်တာမို့ သူ့ရဲ့တေးသီချင်းတော်တော်များများဟာလဲ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရရှိနေပါတယ်။

Photos credit - Mannaw's fb account
Photos credit - Mannaw's fb account

ယခုမှာတော့ မနောဟာ သီချင်းတွေစလုပ်တည်းက အားလုံးကူညီပံ့ပိုးပေးခဲ့တဲ့ တေးရေးဆရာသအောင်ကို ကန်တော့ခဲ့ပါတယ်။မနောကတော့ " မင်္ဂလာပါ တေးချစ်သူ အပေါင်းတို့ရေ ကျွန်တော်ဒီနေ့ ကန်တော့သော တေးရေးဆရာ ကူညီသဟာအောင် ဟာဆိုရင် ကျနော်သီချင်းခွေစလုပ်ကတည်းက ကိုယ်စွမ်း ဉာဏ်စွမ်း တက်စွမ်းသမျှ အားကုန်ကူညီပံ့ပိုးခဲ့သူပါ သီချင်းတွေရဲ့လက်ဦးဆရာလည်းဖြစ်ပါတယ်ခင်ပွန်းကြီး ဆယ်ပါးပါဝင်သူပေါ့ဗျာ ကျနော်ရဲ့ ကျေးဇူးရှင်ဆရာသမားအားလုံးကိုလည်း ဒီနေရာကနေ ကန်တော့လိုက်ပါတယ်ခင်ဗျာ ခွေအသစ်လေးထွက်တော့မယ်နော်ခုပဲအပြီးလုပ်နေပြီ အားပေးဖို့ပြောနေကြအတိုင်းနော် "ဆိုပြီးရေးသားထားခဲ့ပါတယ်။

source:Mannaw's fb account

Photos credit - Mannaw's fb account
Photos credit - Mannaw's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။