၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားနှင့် အာရှဖလား ၂၀၂၃ ခြေစစ်ပွဲ လက်ကျန် ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ရန် ရှိနေသည့် မြန်မာ့ လက်ရွေးစင် အသင်းအတွက် နည်းပြချုပ်အဖြစ်မှ ရာဂျူလိုဗစ်ကို နှစ်ဖက်သဘောတူညီချက် (Mutual Agreement) စာချုပ်ဖျက်သိမ်း၍ ဂျာမန်နည်းပြ အန်တွမ်နီဟေး ကို ခန့်အပ်တာဝန်ပေး သွားမည်ဖြစ်ပါတယ်။

photo credit: MFF ' s facebook
photo credit: MFF ' s facebook

မြန်မာနိုငငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ကော်မတီ အနေဖြင့် ပြီးခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များတွင် မြန်မာအသင်း ယှဉ်ပြိုင်ခဲ့မှုများအား ပြန်လည်လေ့လာ သုံးသပ်ခဲ့ပြီး ဆက်လက် တာဝန်ပေးရန် မသင့်တော်သည့်အတွက် ရာဂျူလိုဗစ်အား စာချုပ်ဖျက်သိမ်းရန် ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။

photo credit: MFF ' s facebook
photo credit: MFF ' s facebook

မြန်မာ့လက်ရွေးစင် အသင်းအတွက် အချိန်မီ နည်းပြသစ်တစ်ဦး ခန့်အပ်တာဝန်ပေးရမည် ဖြစ်ရာ မြန်မာ့ဘောလုံးနှင့် ရင်းနှီးမှုရှိထားပြီး ဖြစ်သည့် ဂျာမန်နည်းပြ အန်တွမ်နီဟေးကို နည်းပြချုပ်အဖြစ် လည်းကောင်း၊ ဦးကြည်လွင်ကို လက်ထောက်နည်းပြ အဖြစ်လည်းကောင်း နည်းစနစ်ကော်မတီက ခန့်အပ်တာဝန်ပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။

source: MFF ' s facebook

photo credit: MFF ' s facebook
photo credit: MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။