ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် သရုပ်ဆောင်မင်းသမီးချောလေး နန်းတုရတီစိုးကတော့ ပရိသတ်တွေအခိုင်အမာနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်နေသူလေးပဲ ဖြစ်ပါတယ်..။

အောင်မြင်တဲ့ ပြည်သူချင်မင်းသမီးချောလေးနန်းဆုကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်တစားစောင့်ကြည့်မှုတွေကို အများဆုံးရရှိထားပြီး ယောင်္ကျားလေးအပြင် မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်ရသူလေးပါ..။

Photo Credit - A linn Young Photography
Photo Credit - A linn Young Photography

ပရိသတ်တွေရဲ့ အသည်းကျော်လေးနန်းဆုကတော့ သူမရဲ့ အသံချိုအေးအေးလေးတွေနဲ့ တေးသီချင်းကောင်းတွေကို အမြဲတင်ဆက်ပေးသလို အလုတစ်ခါမှာလည်း သီချင်းအသစ်လေးဖြစ်တဲ့ "သေလို့ရတယ်" ဆိုတဲ့ သီချင်းလေးကိုလည်း ထပ်မံမျှဝေထားပါသေးတယ်နော်..။

နန်းဆုရဲ့ "သေလို့ရတယ်"သီချင်းအသစ်လေးကတော့ ထွက်ရှိပြီး မိနစ်ပိုင်းအတွင်းမှာပဲ ကြည့်ရှုအားပေးသူတွေများပြားပြီး ပရိသတ်တွေကြား ရေပန်းစားနေပါတယ်နော်..။

Photo Credit - A linn Young Photography
Photo Credit - A linn Young Photography

အချစ်တော်လေး နန်းဆုကတော့ သီချင်းအသစ်လေးကို သရုပ်ဆောင်မင်းသားချောလေး ရှိန်းတင်ထူးနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပြီး ရိုက်ကွင်းပေါ်က ကြည်နူးစရာပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေကို မျှဝေထားပါသေးတယ်နော်..။

"နန်းဆုရဲ့ new song " သေလို့ရတယ်.." MV ဇာတ်ဝင်ခန်းထဲက ပုံလေးတွေပါ MVကို ကြည့်ပြီးသွားကြပြီလား?

ဘယ်သီချင်းစာသားတွေ ဘယ်ဇာတ်ဝင်ခန်းလေးတွေကို အကြိုက်ဆုံးလဲ?.." ဆိုပြီး ချစ်စဖွယ်လေးမေးကာ အမှတ်တရပုံလေးတွေကို မျှဝေထားတာပါ..။

Photo Credit - A linn Young Photography

Photo Credit - A linn Young Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။