အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နန်းဆုရတီစိုးကတော့ အနုပညာအလုပ်တွေကို ဟိုးအရင်ကတည်းကလုပ်ဆောင်ခဲ့ပြီး ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့လို့ ပရိသတ်တွေကြိုက်နှစ်သက်ရတဲ့မင်းသမီးလေးပဲဖြစ်ပါတယ်။နန်းဆုက နောက်ပိုင်းမှာတော့ သူမရဲ့အသံချိုချိုလေးနဲ့သီချင်းတွေကိုသီဆိုခဲ့ပြီး ပရိသတ်တွေကလည်း အားပေးခဲ့ကြပါတယ်။

Photo Credit:Alinn Yaung
Photo Credit:Alinn Yaung
Photo Credit:Alinn Yaung

နန်းဆုရတီစိုးရဲ့ တေးသီချင်းကောင်းလေးတွေဟာ လူငယ်ပရိသတ်တွေကြားမှာအရမ်းရေပန်းစားပြီး နား‌ထောင်လို့မရိုးသွားပါဘူးနော်။အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတဲ့ နန်းဆုက အရင်တုန်းကလိုပဲ နုဖတ်ပျိုမျစ်ကာ ဆယ်ကျော်သက်လေးလို လှသွေးကြွယ်နေဆဲပဲဖြစ်ပါတယ်။နန်းဆုရဲ့အလှအပတွေကတော့ မိန်းကလေးချင်းတောင်အားကျရပါတယ်နော်။

Photo Credit:Alinn Yaung
Photo Credit:Alinn Yaung
Photo Credit:Alinn Yaung

အခုဆိုရင်တော့ နန်းဆုရဲ့သီချင်းအသစ်တစ်ပုဒ်ဖြစ်တဲ့ "သေလို့ရတယ်"သီချင်းလေးက ထွက်ရှိလာပြီး မိနစ်အနည်းငယ်မှာတင် ကြည့်ရှု့ကြတဲ့ပရိသတ်တွေအများအပြားရရှိခဲ့ပါတယ်။သီချင်းလေးကအဆွေးသီချင်းလေးဖြစ်ပြီး နန်းဆုရဲ့ချစ်စရာအမူအရာလေးတွေနဲ့သရုပ်ဆောင်ထားလို့ အရုပ်မလေးလိုချစ်ဖို့ကောင်းနေတဲ့ သီချင်းထဲကနန်းဆုပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Alinn Yaung
Photo Credit:Alinn Yaung
Photo Credit:Alinn Yaung

Source:Nansu Yati Soe's Facebook/Photo Credit:Alinn Yaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။