အနုပညာသတင်း၊ ကျန်းမာရေးသတင်း၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကနေ အခုတစ်ခါမှာဆိုရင်တော့ ဘူဂေးရီးယားနိုင်ငံမှာပြသထားခဲ့တဲ့ "Vampires" အရိုးစုများအကြောင်းပင်ဖြစ်ပါတယ်...။ သွေးစုပ်ဖုတ်ကောင်လို့ခေါ်တဲ့ ဒဏ္ဍာရီဆန်ဆန် ထူးဆန်းတဲ့ သတ္တဝါများကို ရုပ်ရှင်တွေထဲမှာ မကြာခဏဆိုသလို တွေ့မြင်ခဲ့ကြရတာဖြစ်ပါတယ်...။ အပြင်လောကမှာ နှစ်ပေါင်းသက်တမ်းရှည်ကြာတဲ့ ထို"Vampires"များကို အရှင်လတ်လတ် မမြင်ရသည့်တိုင်အောင် သွေးစုပ်ဖုတ်ကောင်များရဲ့ အရိုးစုများကိုတော့ ဘူဂေးရီးယားနိုင်ငံပြတိုက်တွင် သွားရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်....။

photo credti သံ ဇဉ် မိုးဇတ်

ဥရောပတိုက်ရဲ့နိုင်ငံတစ်ခုဖြစ်တဲ့ ဘူဂေးရီယား သမိုင်း ပြတိုက်တွင် နှစ် ၇၀၀ ကျော်ပြီဖြစ်တဲ့ ရင်ဝတွင် သံချွန် ထိုးစိုက် လျက်သား "Vampires" အရိုးစုကို ပြသထားတာဖြစ်ပါတယ်...။ သမိုင်းပညာရှင်များရဲ့အဆိုအရ သူတို့ရိုးရာ ဓလေ့ဖြစ်တဲ့ ဗာဟီရ ဝါဒီတို့ မြုတ်နှံ မှုအတိုင်း "Sozopol" မြို့နားက ဘုန်းတော်ကြီးကျောင်းနားမှာ မြုပ်နှံထားတဲ့ အရိုးစု ဖြစ်ကြောင်းသိရပါတယ်...။ သူတို့ရဲ့ပြောပုံအရ သွေးစုပ်ဖုတ်ကောင်ကို လူယောင်ပြန်ဆောင်လို့မရအောင် လုပ်ခဲ့တယ်လို့သိရပါတယ်...။

photo credti သံ ဇဉ် မိုးဇတ်

12 ရာစုနဲ့ 14 ရာစုမှာ ဗာဟီရ ဝါဒီတို့ဟာ ဘူဂေးရီးယားမှာကြီးဆိုးနေချိန် "vampire" တွေကို လွန်စွာထိတ်လန့်ကြပါတယ်လို့ ပြတိုက် တာဝန်ခံ "Bozhidar" ပြောပြပါတယ်...။ တစ်နိုင်ငံလုံးမှာ ဒီလိုအရိုးစုပေါင်း ၁၀၀ ကျော်ကျော်တွေ့ရပါတယ်...။ များသောအားဖြင့် သွေးကိုသောက်သုံးပြီး ဘယ်တော့မှမသေတော့ဘူးဟု နာမ်မည်မည်ဆိုးနဲ့ကျော်ကြားနေသူ လူလတ်ပိုင်းအရွယ်တွေကို vampire မြေမြုပ်နည်းအတိုင်း မြုပ်ပြစ်ခဲ့ပါတယ်...။ ဒီလူတွေဟာ သူတို့ဘဝ တောက်လျောက် မကောင်းတာတွေကို လုပ်ခဲ့ပြီးသေတော့ vampire ဖြစ်ကာ လူတွေကို ဒုက္ခပေးမယ်လို့ ဟာဗီရ ဝါဒီတွေ ယုံကြည်ပါသည်ဟု "Dimitrov"ဆိုသူကရှင်းပြပါတယ်...။ ဆိုလိုတာကလူဆိုးတွေသေရင် vampire ဖြစ်သည်ဟုယူဆတာပါ...။ ဒါကြောင့်သူတို့တွေကို သစ်သားသံ စတာတွေနဲ့ တံစို့ထိုးထားတာပါလို့လည်း "Dimitrov" ကပြောကြားခဲ့ပါတယ်...။

source သံ ဇဉ် မိုးဇတ်

photo credti သံ ဇဉ် မိုးဇတ်

photo credti သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။