ပရိသတ်ကြီးရေ.. မြန်မာပရိသတ်တွေအပြင် အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေမှာပါ အောင်မြင်ကျော်ကြားတဲ့ ဖီလစ်ပိုင်ဆယ်လီ Sinon Loresca ကတော့ မြန်မာနိုင်ငံကို ဒုတိယအကြိမ် ပြန်လည်ရောက်ရှိနေတယ်ဆိုတာ ပရိသတ်ကြီးများ အသိပါပဲနော်..။

နိုင်ငံတော်တော်များများမှာ အောင်မြင်နေသလို မြန်မာပရိသတ်တွေနဲ့လည်း မစိမ်းလှတဲ့ Sinon Loresca ကတော့ သူ့ရဲ့ဖြူစင်တဲ့ စိတ်ထားလေးနဲ့ သဘောကောင်းဖော်ရွေပြီး အပြုံးချိုလေးတွေကြောင့်လည်း အခုဆိုရင် မြန်မာပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားပြီ ဖြစ်ပါတယ်နော်..။

Photo Credit - Sinon Loresca's Facebook
Photo Credit - Sinon Loresca's Facebook

အလှူအတန်းတွေကိုလည်း ဆက်တိုက်ပြုလုပ်နေသလို ပရိသတ်တွေရဲ့ အချစ်တွေကိုသိမ်းပိုက်ထားတဲ့ Sinon ကတော့ အခုတစ်ခါမှာလည်း လည်ချောင်းကင်ဆာဝေဒနာခံစားနေရရှာတဲ့ ဝါရင့်သရုပ်ဆောင် မေမေကြီး ဒေါ်ခင်မေသက်ဆီကို အလည်သွားရောက်တွေ့ဆုံခဲ့ပြန်ပါတယ်နော်..။

ဒီကနေ့လေးမှာပဲ သရုပ်ဆောင်ဒေါ်ခင်မေသက်ရဲ့ နေအိမ်ကို ကိုယ်တိုင်သွားရောက်တွေ့ဆုံကာ ပန်းစည်း၊ လုံချည်တွေနဲ့ အလှူငွေတွေကိုလည်း လှူဒါန်းရင်း ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင် တွေ့ဆုံစကားတွေပြောခဲ့ကြတာ ဖြစ်ပါတယ်..။

Photo Credit - Sinon Loresca's Facebook
Photo Credit - Sinon Loresca's Facebook

ကြည်နူးချမ်းမြေ့စရာကောင်းလွန်းတဲ့ Sinon နဲ့ ဒေါ်ခင်မေသက်တို့ရဲ့ ဗီဒီယိုဖိုင်လေးကတော့ မြင်သူတိုင်းကို အပျော်လေးတွေနဲ့ ကြည်နူးမှုလေးတွေအပြင် ပီတိတွေကိုပါ ကူးစက်စေတာမို့ ပရိသတ်တတွ အားလုံးကလည်း သဘောကျအချစ်ပိုနေကြပါတယ်နော်..။

ဝါရင့်အမျိုးသမီး သရုပ်ဆောင် ဒေါ်ခင်မေသက်ကို တွေ့ဆုံခဲ့တဲ့ ဗီဒီယိုဖိုင်လေးကိုလည်း "Thank You to ‘’Daw Khin May Thet’’ for giving me a chance to meet you..

Your such a lovely and adorable Lady.. Chit Tal.." ဆိုပြီး ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်..။

Photo Credit - Sinon Loresca's Facebook
Photo Credit - Sinon Loresca's Facebook

Photo Credit - Sinon Loresca's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။