photo credit - Team Cyanide Facebook

နိုင်ငံဆယ်နိုင်ငံက အကောင်းဆုံး Dota 2 Team တွေ ယှဉ်ပြိုင်ကြတဲ့ WESG Sea 2019 Regional Final ပြိုင်ပွဲကြီးကိုတော့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Team Cyanide Dota 2 team ကဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။

Gorup Stage ခွဲတဲ့အချိန်မှာတော့ Team Cyanide ဟာ Tiny Airline , Aggressive Slayer , Dotahero , Reusrgence တို့နဲ့အတူ group တစ်ခုတည်း ကျခဲ့ပြီး group stage ယှဉ်ပြိုင်မှုမှာ Aggressive Slayer အသင်းတစ်သင်းကိုသာ ရှုံးနိမ့်ခဲ့ပြီး အခြားသော အသင်းတွေကို အနိုင်ရရှိခဲ့ပါတယ်။

ဒါ့ကြောင့် Team Cyandie ဟာ Semi Final ကိုတက်ရောက်ခွင့်ရရှိခဲ့ပြီး Sea region ရဲ့ အကောင်းဆုံး dota 2 team တစ်ခုဖြစ်သလို World rank no.2 ရှိတဲ့ TNC Predator အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။

TNC အသင်းနဲ့ယှဉ်ပြိုင်ကစားတဲ့အချိန် Game 1 မှာဆိုရင်လည်း TNC အသင်းရဲ့ captain ဖြစ်သူ March ဟာ pick ban လုပ်နေတဲ့အချိန်မှာ Team Cyanide မှာ mid player insaNe ရဲ့ hero ငါးကောင်လောက်ထိကို ban ခဲ့ပြီး respect ပေးကစားခဲ့တာတွေ့ရပါတယ်။

သို့ပေမယ့် mid game လောက်မှာ သာနေတဲ့အနေအထားကို အခွင့်ကောင်းယူပြီး TNC အသင်းဟာ Throne ကြီးပေးရိုက်သွားတာကြောင့် Team Cyanide အနေနဲ့ အရှုံးပေးခဲ့ရပါတယ်။

Game 2 ရောက်တဲ့အချိန်မှာဆိုရင်လည်း TNC အသင်းဟာ insaNe ရဲ့ hero တွေတော်တော်များများကို respect ပေးပြီး ထပ်မံ ban ခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းခဲ့တာတခုကတော့ TNC အသင်းဟာ insaNe ရဲ့ hero တွေတော်တော်များများကို ban ခဲ့တာတောင်မှာ Team Cyanide ဟာ အကောင်းမွန်ဆုံးပုံစံနဲ့ ကစားပြနိုင်ခဲ့ပြီး mid game လောက်ထိ TNC အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။

မိနစ် ငါးဆယ်ကျော်လောက်အရောက်မှာတော့ ပြန် comeback ခံလိုက်ရပေမယ့် TNC ကိုဒီလောက်ယှဉ်ကစားပြနိုင်တာနဲ့တင် မြန်မာပြည်က dota 2 players တွေအတွက် ဂုဏ်ယူစရာတစ်ခုဖြစ်ခဲ့သလို SEA region မှာလည်း မြန်မာတို့ရဲ့ ဂုဏ်သတင်းဟာ တော်တော်လေး ပျံ့နှံ့သွားခဲ့ပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ Aggressive Slayers နဲ့ တတိယလုပွဲမှာဆိုရင်လည်း game 1 မှာ all mega ပေးထားရတာတောင် ပြန် comeback ပြခဲ့တဲ့အတွက် Team Cyanide ရဲ့ကစားပုံဟာ အားပေးနေတဲ့ ပရိသတ်တွေအတွက် တော်တော်လေးအားရကျေနပ်စရာကောင်းခဲ့ပါတယ်။

Game 2 မှာတော့ အခွင့်မသာလို့ အရှုံးပေးခဲ့ရပေမယ့် game 3 မှာ draft အသာနဲ့ကို early game ထဲက အကောင်းဆုံးကစားပြနိုင်ခဲ့ပြီး ShowT ရဲ့ Axe , Insane ရဲ့ Lina , rapRap ရဲ့ earth spirt တို့ဟာတော်တော်လေးကောင်းမွန်ခဲ့တာကြောင့် game 3 မှာလည်း အနိုင်ရရှိပြီး တတိယဆုကိုရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒီပြိုင်ပွဲကြီးကနေတစ်ဆင့် Team Cyanide ရဲ့ကြိုးစားမှုတွေကြောင့် မြန်မာ dota 2 plyaers တွေရဲ့ ဂုဏ်သတင်းဟာ အခြားနိုင်ငံတော်တော်များများကို လွှမ်းမိုးနိုင်ခဲ့ပြီး Team Cyanide ကိုယ်တိုင်လည်း word Rank 55 ရှိတဲ့ dota 2 team တစ်ခုဖြစ်လာခဲ့ပါတယ်။

ဒီကနေ့ညနေ ၆ နာရီခွဲဆိုရင်တော့ Team Cyanide ရဲ့ players တွေဟာ ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပြီး အားပေးတဲ့ အမာခံပရိသတ်တွေက လေဆိပ်မှာ သွားကြိုပြီး ဂုဏ်ပြုပေးကြမယ်လို့လည်း သိရပါတယ်။

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။