photo credit - Wykehm Reddy

Team Secret ကတော့ အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ 2019-2020 DPC season မှာကစားမယ့် သူတို့ရဲ့ dota 2 roster ကိုထုတ်ပြန်ကြေညာခဲ့ပြီပဲဖြစ်ပါတယ်။

သူတို့ထုန်ပြန်ခဲ့တဲ့ Roster ထဲမှာတော့ Secret မှာ 2016 ခုနှစ် 8 လပိုင်းထဲက ကစားလာခဲ့တဲ့ mid player MidOne ပါဝင်လာခဲ့ခြင်းမရှိတော့ပါဘူး။

MidOne ရဲ့နေရာမှာအစားထိုးဖို့အတွက်ကတော့ အရင်တုန်းကထွက်ထားတဲ့ ကောလဟာလတွေအတိုင်းပဲ Puppey ကြီးဟာ TI 7 champion MATUMBAMAN က အစားထိုးခဲ့ပါတယ်။

ဒါ့အပြင် Team Liquid ကို Ti ရအောင်ယူပေးနိုင်ခဲ့တဲ့ coach Heen ကလည်း Team Secret မှာ coach လုပ်ဖို့ပြောင်းရွှေ့လာခဲ့ပါတယ်။

ဒါ့ကြောင့် Team Secret ရဲ့ လက်ရှိ roster ကတော့

Po 1 – MATUMBAMAN

Po 2 - Nisha

Po 3 – Zai

Po 4 – Yepzor

Po 5 – Puppy

Coach – Heen တို့ပဲဖြစ်ပါတယ်။

Team secret အနေနဲ့လည်း Ti winner နှစ်ယောက်တောင်ကို အသင်းမှာ အားဖြည့်ခဲ့သလို ဒီ lineup အနေအထားကလည်း တော်တော်လေးကောင်းတယ်လို့ဆိုရမှာပါပဲ။

Heen ရဲ့ခေါင်းဆောင်မှုတွေအောက်မှာ Puppy ကြီး ဘယ်လို draft တွေထုတ်ပြမလဲဆိုတာကလည်း အရမ်းစိတ်ဝင်စားဖို့ကောင်းနေပါတယ်။

photo credit - Team Secret

source - Team Secret facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။