photo credit - Chaos Esports Club Twitter

Quincy Crew အသင်းကတော့ Ti 9 အပြီးမှာ Sumail , Yawar , Quinn , MSS , SVG တို့ငါးယောက်နဲ့ ဖွဲ့စည်းခဲ့တဲ့ dota 2 team တစ်ခုပဲဖြစ်ပါတယ်။

သို့ပေမယ့် qualifier နှစ်ခုလောက် ကစားပြီးမှာတော့ Sumail ဟာ အသင်းကနေထွက်ခွာသွားတာကြောင့် SabeRLight ကိုခေါ်ယူအားဖြည့်ခဲ့ပါတယ်။

အဲ့ဒီနောက် ယှဉ်ပြိုင်ခဲ့တဲ့ ESL One Hamburg 2019 မှာတော့ Suamil ဟာ Quincy Crew ရဲ့ coach အဖြစ်တာဝန်ယူပြီး အကောင်းဆုံးပုံစံတစ်ခုပြသနိုင်ဖို့အတွက် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

သို့ပေမယ့်လည်း Quincy Crew team က players တွေအားလုံးကို dota 2 roster တစ်ခုလုံးနဲ့ လမ်းခွဲထားတဲ့ Chaos Esports Club ကခေါ်ယူခဲ့ပြီပဲဖြစ်ပါတယ်။

ဒါ့ကြောင့် Quincy Crew ဟာ နောက်ယှဉ်ပြိုင်မယ့်ပြိုင်ပွဲတွေအားလုံးကို Chaos Esports Club နာမည်နဲ့ပဲကစားသွားတော့မှာပါ။

source - Chaos Esports Club Twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။