မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ AFC U19 Championship 2020 Qualifiers ပြိုင်ပွဲကိုတော့ မနေ့ကယှဉ်ပြိုင်ကစားခဲ့ပါတယ်။အိမ်ရှင်မြန်မာအသင်းကတော့ အဖွင့်ပွဲစဉ်အဖြစ်တရုတ်ယူ၁၉အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး(၂-ဝ)နဲ့ရှုံးနိမ့်သွားခဲ့ပါတယ်။မြန်မာအသင်းဟာအဆိုပါရှုံးပွဲကြောင့်လက်ကျန်ပွဲတွေမှာအကောင်းဆုံးခြေစွမ်းတွေပြသဖို့လိုအပ်နေခဲ့ပြီဖြစ်ပါတယ်။

Photo Credit:MFF
Photo Credit:MFF
Photo Credit:MFF

မြန်မာအသင်းဟာအဖွင့်ပွဲမှာ နိုင်ပွဲရဖို့အတွက်အကောင်းဆုံးကြိုးစားကစားခဲ့ပေမယ့် အဆုံးသတ်တွေမသေချာတာကြောင့်အရှုံးနဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ပွဲစကတည်းက မြန်မာအသင်းဟာတရုတ်အသင်းကို တောက်လျောက်ဖိအားပေးတိုက်စစ်ဆင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေလက်ခံနိုင်တဲ့ခြေစွမ်းမျိုးကိုပြသနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit:MFF
Photo Credit:MFF
Photo Credit:MFF

မြန်မာယူ၁၉အသင်းဟာအဆိုပါခြေစစ်ပွဲမှာတော့ တရုတ်၊တောင်ကိုရီးယား၊စင်ကာပူအသင်းတို့နဲ့တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။အာရှထိပ်သီးအသင်းတွေပါဝင်နေတာဖြစ်တာကြောင့် မြန်မာယူ၁၉အသင်းဟာပြိုင်ပွဲမစခင်တည်းကကြိုတင်ပြင်ဆင်မှုတွေလုပ်ထားခဲ့တာဖြစ်ပါတယ်။တရုတ်အသင်းကိုရှုံးနိမ့်ခဲ့ပေမယ့်ခြေစွမ်းပိုင်းကတော့အမြင့်ဆုံးမှာရှိနေတာကြောင့် ပရိသတ်တွေလည်းကျန်ပွဲစဉ်တွေကိုအားပေးရင်းပွဲပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit:MFF
Photo Credit:MFF
Photo Credit:MFF

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။