photo credit - Liquipedia

MidOne ကတော့ Team Secret ရဲ့လက်ရှိထုတ်ပြန်လိုက်တဲ့ roster မှာ မပါဝင်လာတော့ပေမယ့် သူဟာ Team Secret ကနေ အပြီးတိုင်ထွက်ခွာသွားတာတော့မဟုတ်သေးပါဘူး။

Inactive လုပ်ထားတဲ့သဘောပါပဲ။

သူဘာ့ကြောင့် Inactive လုပ်သွားလဲဆိုတာကိုတော့ အတိအကျမသိရသေးမယ့် MidOne ဟာ Sea region ကိုပြန်လာပြီး သူ့ရဲ့ကိုယ်ပိုင် Dota 2 team ဖွဲ့စည်းသွားဖို့ရှိတယ်ဆိုတဲ့ ကောလဟာလတွေထွက်ပေါ်နေပါတယ်။

အကယ်၍ကောလဟာလတွေသာ အမှန်တကယ်ဖြစ်ပေါ်လာခဲ့မယ်ဆိုရင် MidOne အနေနဲ့ သူ့ရဲ့မိခင်နိုင်ငံ မလေးရှားနိုင်ငံက players တွေပဲအသင်းသစ် ဖွဲ့စည်းသွားမလား ၊ ဒါမှမဟုတ်ရင်လည်း sea region ကဘယ် players တွေနဲ့ပူးပေါင်းပြီး အသင်းသစ်ဖွဲ့စည်းသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Puppey ကြီးနဲ့ 3 နှစ်ကျော်လောက်အတူတူတွဲမြင်လာရတဲ့ MidOne ကို အခြား players တွေနဲ့အတူ Sea region မှာတော့ ပြန်လည်တောက်ပလာတာမျိုးတော့ မြင်ချင်ပါသေးတယ်။

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။