photo credit - Fnatic facebook

Iceiceice ရဲ့နာမည်အရင်းကတော့ Daryl Koh Pei Xiang ဖြစ်ပြီး သူဟာ စင်ကူပူုနိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

သူ့ကိုမွေးဖွားခဲ့တာကတော့ 1990 ခုနှစ် June လ 17 ရက်နေ့ဖြစ်တာကြောင့် iceiceice ဟာ အသက် 29 နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

ပထမဆုံးစတင်ကစားခဲ့တဲ့ dota 2 team ကတော့ Scythe.SG ဖြစ်ပြီး 2011 ခုနှစ် 8 လပိုင်း 1 ရက်နေ့ကနေ 9 လပိုင်း 11 ရက်နေ့ထိကစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ MYM အသင်းကိုပြောင်းရွှေ့ခဲ့ပြီး 2012 ခုနှစ် 1 လပိုင်း 4 ရက်နေ့မှာ ၎င်းအသင်းကပြန်လည်ထွက်ခွာခဲ့ပြီး 2012 ခုနှစ် 3 ပိုင်းကုန်လောက်မှာ Zenith အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းအသင်းမှာ 6 လဝန်းကျင်လောက်ကစားပြီးတဲ့နောက် 2013 ခုနှစ် 9 လပိုင်း 4 ရက်နေ့မှာ အသင်းကပြန်လည်ထွက်ခွာခဲ့ပြီး Team DK ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Team DK မှာတော့ iceiceice ဟာ တနှစ်နီးပါးလောက်ကစားခဲ့ပြီး 2014 ခုနှစ် 8 လပိုင်း 26 ရက်နေ့မှာ Vici Gaming ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Vici Gaming မှာတော့ iceiceice ဟာ 2014 ခုနှစ် 8 လပိုင်းကနေ 2016 ခုနှစ် 3 လပိုင်းအထိကစားခဲ့ပြီးနောက် EHOME ကိုပြောင်းရွှေ့ခဲ့ပါတယ်။

EHOME မှာလည်း 5လဝန်းကျင်လောက်သာကစားခဲ့ပြီး Team Faceless အသင်းကိုပြောင်းရွှေ့ခဲ့သလို ၎င်းအသင်းမှာလည်း 10 လဝန်းကျင်လောက်ကစားပြီး 2017 ခုနှစ် 8 လပိုင်းမှာတော့ MIneski အသင်းကိုပြောင်းရွှေ့လာခဲ့ပါတယ်။

Mineski အသင်းမှာလည်း iceiceice ဟာ တနှစ်ကျောက်လာက်ကစားခဲ့ပြီး 2018 ခုနှစ် 9 လပိုင်းမှာတော့ Fnatic အသင်းကိုပြောင်းရွှေ့လာခဲ့ပြီး ယနေ့ထက်ထိ Fnatic အသင်းမှာကစားနေဆဲပဲဖြစ်ပါတယ်။ 

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။