photo credit - Fnatic Dota facebook

Fnatic အသင်းရဲ့ po 4 player ဖြစ်သူ Dj ရဲ့နာမည်အရင်းကတော့ Djardel jicko B.Mampusti ပဲဖြစ်ပါတယ်။

သူ့ကိုမွေးဖွားခဲ့တာကတော့ 1994 ခုနှစ် November 6 ရက်နေ့မှာဖြစ်တာကြောင့် Dj ဟာ အခုဆိုရင် အသက် 24 နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Dj ပထမဆုံးစတင်ကစားခဲ့တဲ့ team ကတော့ EoT Hammer ဖြစ်ပြီး 2013 ခုနှစ် 11 လပိုင်း 29 ရက်နေ့ကနေ 2014 ခုနှစ် 5 လပိုင်း 4 ရက်နေ့ထိ ၎င်းအသင်းမှာကစားခဲ့ပါတယ်။]

အဲ့ဒီနောက်မှာတော့ Dj ဟာ Rave ကိုရောက်ရှိခဲ့ပြီး အချိန်တနှစ်ကျော်ကြာ 2015 ခုနှစ် 6 လပိုင်းအထိကစားခဲ့ပါတယ်။

Rave ကနေထွက်ပြီးတဲ့နောက်မှာ Dj ဟာ MSI-EvoGT ကိုရောက်ရှိခဲ့ပြီး ၎င်းအသင်းမှာတော့ 2 လလောက်သာကစားခဲ့ပါတယ်။

2015 ခုနှစ် 8 လပိုင်းကုန်ခါနီးမှာတော့ Dj ဟာ Fnatic အသင်းကိုရောက်ရှိလာခဲ့ပြီး 2016 ခုနှစ် 8 လပိုင်းမှာထွက်ခွာပြီး Excretion ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Excretion မှာ 5 လလောက်ကစားပြီးတဲ့အချိန် 2017 ခုနှစ် 4 လပိုင်းမှာတော့ Dj ဟာ Fnatic အသင်းကိုပြန်လည်ရောက်ရှိလာခဲ့ပြီး ယနေ့ထက်ထိ Fnatic မှာ ကစားနေဆဲပဲဖြစ်ပါတယ်။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။