ML မှာပရိသတ်တွေအားလုံးသိကြတဲ့အတိုင်း Clude ရဲ့ Ulti ပစ်ချက်တွေက တော်တော်လေးကို နစ်နေတာပါပဲ။ Team Fight မှာ အရမ်းကိုအရေးကြီးတဲ့ Hero လို့လဲ ပြောလို့ရပါတယ်။ Mm ဆိုတော့လဲ Late Game ကြာလေကြမ်းလေပါပဲ။ ဖမ်းရတာလဲခတ်တာမို့ သူ့ကို တော်တော်လေး ထိန်းရပါတယ်။ ဒါပေမဲ့လဲ သူပါရင် Counter ထောက်ဖို့အတွက် Hero တွေကရှိပြီးသားဖြစ်ပါတယ်။ 

Photo Credit: Screenshot from Mobile Legends Game

Skill 1 ကတော့ သူရဲ့အရှေ့ကို ယပ်တောင်ပုံစံ လှိုင်းပစ်လိုက်တာဖြစ်ပြီး ရန်သူ hero ဖြစ်ဖြစ် Creep ဖြစ်ဖြစ် သူတို့ရဲ့ရွှေ့လျားနှုန်း ၂၀ရာခိုင်နှုန်း နဲ့ တိုက်ခိုက်နှုန်း ၁၀ ရာခိုင်နှုန်း လျော့ချပေးပါတယ်။ သူကိုယ်တိုင်လဲ ရွှေ့လျားနှုန်း ၇ရာခိုင်နှုန်းနဲ့ တိုက်ခိုက်နှုန်း ၃.၅ရာခိုင်နှုန်း တိုးစေကာ ၆စက္ကန့်ကြာပါတယ်။ 10ကြိမ်ထိ စုဆောင်းနိုင်ပါတယ်။ Skill 2 ကတော့ Dexter ကို Mirror Image အဖြစ် သတ်မှတ်နေရာမှာ ထားလိုက်တာဖြစ်ပြီး ၅.၅ စက္ကန့်ကြာပါတယ်။ Image ကပစ်တဲ့ Damageဟာ ၁၀၀ရာခိုင်နှုန်း အပြည့် ထိပါတယ်။ Clude ဟာလဲ Image နဲ့အကူးအပြောင်းလုပ်လို့ရပါတယ်။ Ulti ကတော့ သူဘေးနားပတ်ဝန်းကျင်ကို ၃စက္ကန့်ကြာအောင် ပတ်ပတ်လည်ပစ်နေမှာဖြစ်ကာ အဲ့ဒီက Damageကတော့ သူရဲ့ Basic Attack နဲ့လဲ ဆိုင်ပြီး Skill ရဲ့ Damageလဲပါဝင်တာမို့ တော်တော်လေးကို ကြမ်းပါတယ်။

Photo Credit: Screenshot from Mobile Legends Game

Passive ကတော့ Dexter က Cludeရဲ့ Basic Attack ကို ၃၅ရာခိုင်နှုန်း ကူညီပေးပါတယ်။ Battle ဆိုင်တဲ့အခါမှာဆိုရင်တော့ Skill 1ကို ရန်သူထိအောင်သုံးပြီး ရန်သူကြားထဲ Skill 2 နဲ့ဝင်ကာ Ulti ကိုသုံးလိုက်ပါ။ Ulti သုံးပြီးမှ Skill 2 နဲ့ဝင်ရင်လဲ ရပါတယ်။ Ulti ကုန်သွားတဲ့အခါကျ Skill 2 ပြန်သုံးလိုက်ပါ။ အသင်းအတွက် Battle ဆိုင်လို့ကောင်းပြီး နိုင်နိုင်ချေများတဲ့ Hero တစ်ယောက်ဖြစ်ပါတယ်။ Item နဲ့ Emblem ကိုတော့ အောက်မှာဖော်ပြထားပါတယ်။

Photo Credit: Screenshot from Mobile Legends Game

သတင်းအရင်းမြစ် LordHtun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။