သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုံရတီကတော့ အသက်ငယ်ငယ်နဲ့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေသူလေး ဖြစ်ပါတယ်။ ရွှေမှုံရတီနဲ့အတူ ညီမလေးဖြစ်တဲ့ ငွေမှုံရတီကလည်း ဇာတ်ကားတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ရွှေမှုံရတီနဲ့ငွေမှုံရတီတို့ညီအစ်မနှစ်ယောက်လုံးကိုတော့ ပရိသတ်တွေက အပြည့်အဝ ချစ်ခင်အားပေးကြတာ ဖြစ်ပါတယ်။
ဒီနေ့နိုဝင်ဘာလ (၁၁) ရက်နေ့လေးကတော့ ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ အရမ်းချစ်ရတဲ့ သူမတို့မေမေရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့မေမေရဲ့မွေးနေ့လေးမှာတော့ ရွှေမှုံရတီတို့ညီအစ်မနှစ်ယောက်လုံးက မွေးနေ့ဆုမွန်ကောင်းလေးတွေ တောင်းပေးခဲ့ကြပါတယ်။ ဒါ့အပြင် သူမတို့ညီအစ်မက မေမေနဲ့အမှတ်တရပုံလေးတွေကိုလည်း လူမှုကွန်ယက်မှာ မျှဝေထားပါသေးတယ်။
ရွှေမှုံရတီက မိသားစုစုံစုံလင်လင်ရိုက်ကူးထားတဲ့ပုံလေးနဲ့အတူ မွေးနေ့ဆုတောင်းထားတာ ဖြစ်ပါတယ်။ ငွေမှုံရတီကလည်း မေမေ့ကိုဖက်ပြီး ညီအစ်မနှစ်ယောက်ဝိုင်းချစ်နေတဲ့ပုံလေးကို အမှတ်တရတင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေမှုံရတီတို့သားအမိသုံးယောက်ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Photo Credit - Shwe Hmone Yati's FB & Ngwe Hmone Yati's FB
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။