ခေတ်လေးနဲ့သစ်လေးတို့ရဲ့မေမေ ချစ်သုဝေတစ်ယောက်ကတော့ ကလေးနှစ်ယောက်မိခင်လို့ပြောရက်စရာမရှိရလောက်အောင် နုပျိုလန်းဆန်းနေတာပါ။ သူမရဲ့ခင်ပွန်းလောင်း အဆိုတော်လင်းလင်းရဲ့တန်ဖိုးထားချစ်ခင်ခြင်းတွေပါ ရရှိထားတဲ့အပြင် ခေတ်နဲ့သစ်လေးနှစ်ယောက်ရဲ့သိတတ်လိမ္မာမှုတွေကြောင့်လည်း မေမေချစ်သုဝေတစ်ယောက်တော့ အပျော်ကြီး ပျော်နေတာပါ။ သူမရဲ့သမီးလေးအမြွှာနှစ်ယောက်ဟာလည်း ပရိတ်သတ်တွေသာမကပဲ အနုပညာရှင်တိုင်းက ချစ်ခင်ကြတာပါ။ 

Photo Credit- Alinn Young Photography
Photo Credit- Alinn Young Photography

ထရီဇာဟာ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ဆောင်လျက်ရှိပြီး အားလပ်ချိန်များတွင်လည်း မိသားစုကိုအချိန်ပေးတတ်သူတစ်ယောက်ပါ။ မကြာသေးခင်ကလည်း သူမရဲ့ Music Video သီချင်းသစ်လေး ထွက်ရှိထားတာပါ။ ခေးမေ ချစ်သုဝေကတော့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ အလှပုံရိပ်လေးတွေ တင်ထားတာပါ။

Photo Credit- Alinn Young Photography
Photo Credit- Alinn Young Photography

"လူတိုင်းမှာ စိတ်အမှောင်တွေဆိုတာအနည်းနဲ့အများရှိကြတာပါပဲ..

ဒါတွေကို အသိ သတိနဲ့ ဘယ်လိုထိန်းကွပ်နိုင်တယ်ဆိုတဲ့အရာတွေကပဲ ကိုယ့်တန်ဖိုးကို တက်စေ ကျစေတာ"

ဒေါ်ထရီဇာ

P.s..အိမ်မှဦးဘုဂလန့်မှာ ပုံများကိုကြည့်၍ ဤပုံများမှာဒေါ်ထရီဇာမဟုတ်ကြောင်း ဟန်ဆောင်ထားတာကြီးသာဖြစ်ကြောင်း အားပေးစကားများပြောကြား၍ ကိုယ့်ဘာသာ ဟုတ်လှပြီထင်နေသော ဒေါ်ထရီဇာမှာ ဘာပြောရမည်တောင်မသိတော့ပါကြောင်းအားငယ်သွားကြောင်း,,ဘယ်တော့မှအမိုက်စားတည်လို့ရမှာမဟုတ်ကြောင်း နားလည်သွားရပါတယ်လို့" ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်ကြီးအတွက် ချစ်သုဝေရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Alinn Young Photography

Source- Chit Thu Wai’s Facebook 

Photo Credit- Alinn Young Photography
Photo Credit- Alinn Young Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။