အချိန်တိုအတွင်း အနုပညာလောကမှာ အောင်မြင်မှုတွေများစွာနဲ့နေရာတစ်နေရာရပ်တည်ထားနိုင်သူကတော့ သရုပ်ဆောင်ခြူးလေးပါ။ သူမရဲ့ဇာတ်ကားတွေဟာလည်း တစ်ကားထက်တစ်ကားသရုပ်ဆောင်ပီပြင်လာတာကြောင့် ပရိသတ်တွေကပိုမိုအားပေးနေကြတာပါ။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

Photo Credit- Chue Chue’s Facebook
Photo Credit- Chue Chue’s Facebook

လက်ရှိမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ MRTV-4 ရုပ်သံလိုင်းတွင် " နွေလည်ညရဲ့ လမင်း " ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ ပြသနေတာပါ။ ဒီဇာတ်ကားလေးဟာ လတ်တလောမှာ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားတာပါ။ ခြူးလေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် မကြာသေးခင်က သူမရဲ့ ပုံရိပ်လေးတွေတင်ထားတာပါ။

Photo Credit- Chue Chue’s Facebook
Photo Credit- Chue Chue’s Facebook

" နေပြည်တော်ထာဝရငြိမ်းချမ်းရေး

စေတီတော်မြတ်ကြီး ထက်ဌာပနာတော်သွင်း ရွှေထီးတော်တင် နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနား ..... " ဆိုပြီး တင်ထားတာပါ။ ခြူးလေးဟာလည်း ဒီအခမ်းအနားကို တစ်တက်တစ်အား ပါဝင်ကုသိုလ်ယူခဲ့တာပါ။ ပရိသတ်တွေအတွက်ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Chue Chue’s Facebook 

Photo Credit- Chue Chue’s Facebook
Photo Credit- Chue Chue’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။