ပရိသတ်ကြီးရေ မင်းသမီးချောလေး အိချောပိုကတော့ အနုပညာပျိုးခင်ကနေတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ပြည်သူချစ်တဲ့ရွှေမင်းသမီးလေးတစ်လက်ဖြစ်လာပါတယ်နော်။အိချောပိုက ဗီဒီယိုဇာတ်ကားတွေကိုလည်းအများအပြားရိုက်ကူးခဲ့သလို ရုပ်ရှင်ခေတ်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားရိုက်ကူးပြီး ပရိသတ်တွေရင်ထဲမှာ နေရာတစ်နေရာယူထားနိုင်ပါတယ်နော်။
အိချောပိုက သူမတူတဲ့အလှအပတွေကိုပိုင်ဆိုင်ထားပြီး မိန်းကလေးအချင်းချင်းတောင် အားကျရမယ့် ခန္ဓာကိုယ်ကောက်ကြောင်းအလှကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး စိတ်ထားလေးကလည်းဖြူစင်ရိုးသားလို့ လူချစ်လူခင်ကလည်း အရမ်းပေါပါတယ်နော်။အခုဆိုရင်တော့ အိချောပိုက တောင်ငူ မြို့ရဲ့ (၅၀၉)နှစ်ပြည့်ပွဲလေးကို တက်ရောက်လာတာဖြစ်ပါတယ်။
အိချောပိုက တောင်ငူမြို့ရဲ့ (၅၀၉)နှစ်ပြည့်ပွဲလေးမှာ ဘုရင့်သမီးတော်နေရာကနေပါဝင်ပြီး ဝင်ခင်းသဘင်မှာ ပါဝင်သရုပ်ပြခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ တော်ဝင်ကေတုမတီဟော်တယ်မှာ ပြုလုပ်တဲ့ ဂုဏ်ပြုညစာစားပွဲကို ခရမ်းရောင်ဝတ်စုံလေးနဲ့တက်ရောက်လာတာဖြစ်ပါတယ်။ပွဲတစ်ပွဲလုံးမှာ ထင်ရှားလှပနေပြီး မြင်သူငေးရလောက်တဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။
Photo Credit:Amazing Grace
Source:Ei Chaw Po's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။