ပိုင်ဖြိုးသုကတော့ အနပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်ပြီး အောင်မြင်မှုပေါင်းများစွာရရှိထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ရာသရုပ်ဆောင်ချက်တွေကောင်းမွန်လွန်းတာကြောင့် အကယ်ဒမီတွေရရှိသည်အထိအောင်မြင်နေသူတစ်ယောက်ပါ။ ရုပ်ရှင်ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုတို့စုံတွဲလေးကတော့ ပရိသတ်တွေကပါ အားကျနေရတဲ့ဇနီးမောင်နှံအတွဲလေးပါ။

Photo Credit - Paing Phyoe Thu’s Facebook
Photo Credit - Paing Phyoe Thu’s Facebook
Photo Credit - Paing Phyoe Thu’s Facebook

သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ မတူညီတဲ့နေရာကနေအနုပညာလုပ်ငန်းကိုအတူတကွလျှောက်လှမ်းနေကြသူများဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေနဲ့သာယာပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကို တည်ဆောက်နေကြတာပါ။ သူတို့နှစ်ယောက်ဟာ ချစ်သူသက်တမ်းငါးနှစ်ကျော်မှာပဲ အိမ်ထောင်ပြုခဲ့ကြတာပါ။ သူတို့နှစ်ယောက်ဟာ တစ်ယောက်လိုအပ်ချက်ကိုတစ်ယောက်ဖေးမကူညီရင်း သာယာတဲ့အချစ်ခရီးလမ်းလေးကိုအတူတကွလျှောက်လှမ်းနေကြတာပါ။

Photo Credit - Paing Phyoe Thu’s Facebook
Photo Credit - Paing Phyoe Thu’s Facebook
Photo Credit - Paing Phyoe Thu’s Facebook

အခုမှာလည်း သုသုတစ်ယောက် ချစ်ခင်ပွန်းနဲ့အတူ ကြော်ငြာရိုက်ကူးနေတဲ့ဗီဒီယိုလေးကို သူမရဲ့ Facebook Myday လေးမှာနင်ထားတာပါ။ " ဦးရေခဲနဲ့ TVC လေးတစ်ဖြတ် " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် သုသုတို့ဇနီးမောင်နှံရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source - Paing Phyoe Thu’s Facebook Myday

Photo Credit- Paing Phyoe Thu’s Facebook Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။