ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ စမိုင်းလ်ကတော့ အနုပညာအလုပ်တွေကို နိုင်သလောက်သာလုပ်ဆောင်နေပြီး ချစ်ရတဲ့မိသားစုနဲ့သာ အေးချမ်းပျော်ရွှင်စွာနေထိုင်နေတာပဲဖြစ်ပါတယ်။အရမ်းချမ်းသာပေမယ့် မာန်မာနကင်းပြီး စိတ်ထားလေးကောင်းတဲ့ စမိုင်းလ်တို့မိသားစုကို ပရိသတ်တွေက ချစ်နေရတာဖြစ်ပါတယ်နော်။
စမိုင်းလ်တို့မိသားစုက မကြာခဏဆိုသလို ခရီးတွေအမြဲတမ်းထွက်ပြီး အလှူအတန်းတွေလည်းအရမ်းလုပ်ပါတယ်နော်။စမိုင်းလ်တို့မိသားစုက ပြည်ပမှာ အိမ်ဝယ်ထားကြပြီး သာသာယာယာနေထိုင်နေကြတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း စမိုင်းလ်တို့ဇနီးမောင်နှံက အလုပ်ကိစ္စနဲ့ မလေးရှားကို ခရီးထွက်ကြပြီး အိန္ဒိယပြည်ကို ခရီးဆက်သွားတာဖြစ်ပါတယ်။
အိန္ဒိယပြည်ရဲ့ ရိုးရာအစားအသောက်တွေကိုလည်း စားကြပြီး အထင်ကရနေရာတွေကို ပျော်ပျော်ရွှင်ရွှင်လည်ပတ်နေတာဖြစ်ပါတယ်။အိန္ဒိယရိုးရာဝတ်စုံလေးကိုလည်း ဝတ်ဆင်ကြပြီး စမိုင်းလ်ကတော့ ဘောလိဝုဒ်မင်းသမီးလေးလို လှပနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း စမိုင်းလ်ရဲ့ချစ်ခင်ပွန်းက မြွေဟောက်ကြီးကို မကြောက်မလန့်ဘဲ ကိုင်ကြည့်နေတာကို စမိုင်းလ်က မှတ်တမ်းတင်ဓာတ်ပုံရိုက်ထားတာဖြစ်ပါတယ်နော်။
Photo Credit:စမိုင်းလ် Smile's Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။