ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ကျရာဇာတ်ရုပ်တွေကို ကျွမ်းကျင်ပိုင်နိုင်လွန်းတာမို့ ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေနဲ့ အောင်မြင်နေသူလေးပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးနဲ့အတူ ကြည်နူးအားကျစရာကောင်းလွန်းတဲ့ ပျော်ရွှင်စရာအိမ်ထောင်ရေးလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ပရိသတ်တွေရဲ့အသည်းကျော်လေး သုသုကတော့ အနေအေးလွန်းတဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးက သူမအရမ်းကြည့်ချင်နေတဲ့ ဇော်ဝင်းထွဋ်နဲ့ ဟန်ထူးလွင်တို့ရဲ့ Show ပွဲ လိုက်ပို့ဖြစ်တဲ့ အကြောင်းလေးကို ပြောပြလာပါတယ်နော်..။

သူမပါပဲ ကွယ်ရာမှာကဲမှာကြောက်လို့ ပွဲလိုက်ပို့ပေးတဲ့ခင်ပွန်းဖြစ်သူ ဦးရေခဲ ဒါရိုက်တာဏကြီးနဲ့ ပွဲသွားကြည့်ဖြစ်တဲ့အကြောင်းလေးကို အရွှန်းဖောက်ပြီး ချစ်ပရိသတ်တွေကို ပြောပြလိုက်တာ ဖြစ်ပါတယ်နော်..။


Photo Credit - RBV Photography
Photo By Myanmarload
Photo Credit - Paing Phyoe Thu’s Facebook

ရှုတင်မှာ ကြော်ငြာရိုက်နေတဲ့ သူမကို ရုတ်တရက်ကြီး ဖုန်းဆက်ပြီး သူပြန်လာမှ လိုက်ပို့ပေးပြီး အတူသွားကြည့်မယ်ဆိုပြီး ပြောတဲ့ အကြောင်းလေးနဲ့ သူ့ကွယ်ရာမှာ ကဲမှာစိုးလို့လား မသိဘူးဆိုပြီး ချစ်စဖွယ်လေး ပြောပြထားတာ ဖြစ်ပါတယ်..။

တစ်ခါမှ မကြည့်ဖူးလို့ သူမအရမ်းကြည့်ချင်ပြီး အရမ်းကြိုက်ရတဲ့ ဦးညီထွဋ်နဲ့ ကိုကျားပေါက်တို့ရဲ့ ပွဲကို အစကတည်းက ပူဆာထားပြီး မသွားဖြစ်တော့လို့ မိဘတွေ သူငယ်ချင်းတွေနဲ့ ကိုယ့်ဘာသာသွားကြည့်မယ်လို့ လုပ်ထားပေမယ့် ပြန်လာပြီး အတူသွားကြည့်ဖြစ်တာမို့ အရမ်းပျော်ရတဲ့ အကြောင်းလေးကို ပြောပြထားတဲ့ သုသုလေးရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Paing Phyoe Thu’s Facebook
Photo Credit - Paing Phyoe Thu’s Facebook

Photo Credit - Paing Phyoe Thu’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။