အက်ရှင်မင်းသားတစ်လက် ဖြစ်တဲ့ နေထူးနိုင်ကတော့ သူများနဲ့မတူတဲ့ တမူဆန်းပြားတဲ့ အက်ရှင်ကားတွေကို ရိုက်ကူးနေပြီး ပရိသတ်ရဲ့ အားပေးမှုအပြည့်အဝရရှိထားတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်..။

နေထူးနိုင်ကတော့ အောင်မြင်တဲ့ အနုပညာရှင်မင်းသားတစ်ဦးအဖြစ် ရပ်တည်နေသလို ချစ်စရာကောင်းတဲ့ သားလေးတွေနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုလေးတစ်ခုကို ပိုင်ဆိုင်ထား ရတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဆိုလည်း မမှားပါဘူး..။


Photo Credit - Nay Htoo Naing’s Facebook
Photo Credit - Nay Htoo Naing’s Facebook

တစ်ချို့ချို့သော ပရိသတ်တွေက ပေါကားရိုက်တယ်လို့ ဝေဖန်တိုက်ခိုက်တာအများဆုံး ခံနေရပြီး ဆဲကြတဲ့ ပရိသတ်တွေနဲ့ ပတ်သက်ပြီးတော့လည်း နေထူးနိုင်က ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်..။

ပရိသတ်တွေ ဝေဖန်ထောက်ပြတဲ့ အချို့သောအရာလေးတွေကို လိုက်ပြင်သလို ပြင်လို့ မရတဲ့ အရာတွေကိုတော့ ဘယ်လိုမှ ပြင်လို့ မရလို မပြင်တာဖြစ်တဲ့ အကြောင်းလေးကို ပြောပြထားတာဖြစ်ပြီး ဆဲကြတဲ့ ပရိသတ်တွေကိုလည်း ထိုင်ကြည့်နေရုံက လွဲပြီး ဘာမှ သွားပြောလို့ မရတဲ့ အကြောင်းလေးကို ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Nay Htoo Naing’s Facebook
Photo Credit - Nay Htoo Naing’s Facebook

ကောင်းသောဝေဖန်ထောက်ပြတဲ့ အရာလေးတွေကိုလည်း လိုအပ်တာလေးတွေကို ကြုံတဲ့နေရာဝယ်ထားပြီး ဇာတ်ဝင်ခန်းမှာ လိုအပ်ရင် ထုတ်သုံးတဲ့ အကြောင်းလေးနဲ့ ဝေဖန်ထောက်ပြလို့ ပြင်ခဲ့ဖူးတဲ့ အကြောင်းလေးတွေကိုလည်း နေထူးနိုင်က ပြောပြထားပါသေးတယ်..။

ဆဲနေတဲ့သူနဲ့ ဇာတ်ကားကို တကယ်ကောင်းစေချင်လို့ ဝေဖန်တဲ့သူတွေနဲ့ဆိုရင် တကယ်ကောင်းဖို့အတွက် ဝေဖန်မှုတွေကို လုပ်နိုင်သလောက် လုပ်လို့ရသလောက် ပြုပြင်တဲ့ အကြောင်းလေးပြောပြထားတဲ့ နေထူးနိုင်ရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload

Photo Credit - Nay Htoo Naing’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။