ပရိသတ်ကြီးရေ အရမ်းချစ်စရာကောင်းတဲ့ မင်းသမီးလေးသဉ္ဇာနွယ်ဝင်းကတော့ နောက်ထပ်သမီးလေးကိုယ်ဝန်လွယ်ထားရတာကြောင့် အနုပညာအလုပ်တွေနဲ့ ပိုပိုပြီးအလှမ်းဝေးကွာနေရတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ သဉ္ဇာနွယ်ဝင်းကို အချစ်မပြယ်ဘဲ သူမရဲ့မိသားစုလေးကိုပါ ချစ်နေရတာဖြစ်ပြီး အားကျနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook

သဉ္ဇာနွယ်ဝင်းက နိုဝင်ဘာလကုန်ခါနီးလောက်မှာ သမီးလေးကိုဖွားမြင်မှာဖြစ်လို့ မကြာခင်မှာ သမီးချောလေးက လူ့လောကကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။သမီးလေးအတွက် အစစအရာရာသေချာပြင်ဆင်ထားပြီး ဂရုစိုက်ပေးနေတဲ့ မေမေသဉ္ဇာနွယ်ဝင်းကတော့ မိခင်တစ်ယောက်လို့ထင်ရက်စရာမရှိလောက်အောင် လှပနုနယ်နေတာပဲဖြစ်ပါတယ်နော်။

Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook

သဉ္ဇာနွယ်ဝင်းရဲ့ သားကြီးလေး Peach Lay ဆိုရင် ၂နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး စကားတွေလည်းအရမ်းတတ်ကာ သွက်သွက်လက်လက်နဲ့အရမ်းလည်းဆော့ပါတယ်နော်။Peach Lay က မေမေသဉ္ဇာနွယ်ဝင်းနဲ့တူလို့ အရမ်းချစ်စရာကောင်းပြီး ချစ်မွှေးပါတဲ့ ကလေးလေးပဲဖြစ်ပါတယ်။အခုဆိုရင်တော့ Peach Lay က ဘောလုံးကြီးပေါ်ကိုခေါင်းလေးတင်ပြီး ချစ်စဖွယ်အမူအရာလေးလုပ်ပြနေလို့ မေမေသဉ္ဇာနွယ်ဝင်းက အရမ်းသဘောကျနေရတာဖြစ်ပါတယ်နော်။

Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook

Photo Credit:Thinzar Nwewin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။