ပိုင်တံခွန်ဟာ အနုပညာလမ်းကြောင်းပေါ်မှာ တစ်စထက်တစ်စ နာမည်ကျော်ကြားလူကြိုက်များလာတဲ့ အပြင် လူမှုကွန်ယက်ပေါ်မှာလည်း ပရိတ်သတ်တွေနဲ့တရင်းတနှီးရှိတာကြောင့် ပရိတ်သတ်တွေရင်ထဲကအားပေးမှုကို ရရှိထားတာပါ။ လက်ရှိအနုပညာလှုပ်ရှားမှုတွေအနေနဲ့ photo shooting တွေနဲ့ကြော်ငြာများစွာလည်း လက်ခံရိုက်ကူးနေတာပါ။ သူဟာ မြန်မာနိုင်ငံတွင်သာမကပဲ ထိုင်းနိုင်ငံမှာပါအောင်မြင်ကျော်ကြားနေတာပါ။

Photo Credit- Htet Paing Ye Photography
Photo Credit- Htet Paing Ye Photography
Photo Credit- Htet Paing Ye Photography

သူဟာ အပြုံးလေးတွေနဲ့ နှုတ်ခမ်းနီမလေးတွေကိုအပြည့်အဝဆွဲဆောင်ထားနိုင်သူတစ်ယောက်ပါ။ ကိုရီးယားမင်းသားလေးလို့ထင်မှတ်ရလောက်အောင် တောင့်တင်းလွန်းတဲ့ ခန္ဓာကိုယ်လေးဟာလည်း ကောင်မလေးတွေကြွေနေရတဲ့အချက်တစ်ချက်ပါ။ သူ့ရဲ့အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်ကြီးကို အမြဲဝေမျှလေ့ရှိတာပါ။

Photo Credit- Htet Paing Ye Photography
Photo Credit- Htet Paing Ye Photography

အခုမှာလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ ပင်လယ်စာတွေကိုကြည့်မိသူတိုင်းအားကျရလောက်အောင် ရှူးရှူးရှဲရှဲနဲ့အားရပါးရစားပြနေတဲ့ ဗီဒီယိုလေးပါ။ ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Source- Paing Takhon’s Facebook

Photo Credit- Htet Paing Ye Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။