မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကတော့ မနေ့ကကမ္ဘာ့ဖလား ၂၀၂၂ ခြေစစ်ပွဲတွင် မန္တလာသီရိကွင်း၌ ခြေစွမ်းပြပြီး တာဂျစ်ကစ္စတန် အသင်းအား (၄-၃)ဂိုးဖြင့် အနိုင်ရရှခဲ့ပါတယ်။မြန်မာအသင်းအနေနဲ့ရှေ့၃ပွဲမှာရှုံးပွဲတွေနဲ့သာကြုံတွေ့ခဲ့ရတာကြောင့် တာဂျစ်ကစ္စတန်အသင်းနဲ့ပွဲစဉ်မှာပရိသတ်တွေမျှော်လင့်ထားတဲ့ခြေစွမ်းတွေပြသခဲ့ပြီးအနိုင်ယူခဲ့တာဖြစ်ပါတယ်။

Photo Credit:MFF
Photo Credit:MFF
Photo Credit:MFF
Photo Credit:MFF

နည်းပြဟောင်းအန်တွမ်နီဟေးရဲ့တစ်ကျော့ပြန်ပွဲစဉ်မှာ ပရိသတ်တွေမျှော်လင့်ထားတဲ့အနိုင်ရယူခဲ့တာကြောင့်ပရိသတ်တွေကလည်းပျော်ခဲ့ရတာပါ။မြန်မာအသင်းဟာနည်းပြသစ်လက်ထက်မှာ စိတ်ဓာတ်တွေအမြင့်ဆုံးရှိနေတာကြောင့် နိုင်ပွဲတစ်ပွဲကိုအကောင်းဆုံးယူဆောင်နိုင်ခဲ့တာပါ။

Photo Credit:MFF
Photo Credit:MFF
Photo Credit:MFF
Photo Credit:MFF

မြန်မာအသင်းဟာကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ်လာမယ့်၁၉ရက်နေ့မှာလည်း မွန်ဂိုလီးယားအသင်းနဲ့အိမ်ကွင်းမှာလက်ခံယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။မွန်ဂိုလီးယားအသင်းနဲ့ပထမအကျော့တွေ့ဆုံစဉ်ကရှုံးနိမ့်ခဲ့တာကြောင့် ခုပွဲမှာနိုင်ပွဲရရှိဖို့လည်းလိုအပ်နေတာပါ။ဒါကြောင့်ပရိသတ်တွေလည်းမြန်မာအသင်းရဲ့ ပွစဉ်တွေမှာ ကွင်းထဲအထိသွားရောက်အားပေးဖို့ဖိတ်ခေါ်ရင်း တာဂျစ်ကစ္စတန်အသင်းပွဲပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Photo Credit:MFF
Photo Credit:MFF
Photo Credit:MFF
Photo Credit:MFF

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။