ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော်တွေထဲမှာ ဆယ်စုနှစ်တွေကတည်းက ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်ရင်ထဲနေရာယူထားသူကတော့ သရုပ်ဆောင် ကျော်ကျော်ဗိုလ်ပဲ ဖြစ်ပါတယ်..။

ကျရာဇာတ်ရုပ်တွေကို ကျွမ်းကျင်ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်နော်..။


Photo Credit - Kyaw Kyaw Bo’s Facebook
Photo Credit - Kyaw Kyaw Bo’s Facebook

ကျော်ကျော်ဗိုလ်ကတော့ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ အချိုးအကွေးတွေအပေါ် သူ့ရဲ့ခံယူချက်တွေနဲ့ အမြင်တွေကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေပြောပြလာခဲ့ပါတယ်နော်..။

ခေတ်မှီပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ အချိုးအကွေးတွေအပေါ်မှာ ပြောင်းလဲရတဲ့ သတ္တိရှိဖို့ ပြောပြထားသလို ခိုင်မာပြတ်သားတဲ့ သူ့ရဲ့အနုပညာခံယူချက်တွေကိုလည်း ပြောပြထားတာပါ..။


Photo Credit - Kyaw Kyaw Bo’s Facebook
Photo Credit - Kyaw Kyaw Bo’s Facebook

ပြောင်းလဲရဲတဲ့ သတ္တိရှိဖို့ လိုပြီး ပြောင်းလဲတယ်ဆိုတာကလည်း ကိုယ့်တန်ဖိုး ကိုယ့်မြှင့်လိုက်တော့ ကိုယ်နဲ့ တန်ဖိုးတူတဲ့အရာတွေနဲ့ ပူးပေါင်းခွင့်ရှိသွားမှာဖြစ်ပြီး ကိုယ့်ရဲ့အနုပညာအရည်အသွေးနဲ့ ဖန်တီးမှုတန်ဖိုးလေးကို တဆင့်မြှင့်လိုက်တာ ဆိုပြီး ပြောပြားပါသေးတယ်..။

ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ အချိန်အခါနဲ့ အချိုးအကွေ့တွေပေါ်မှာ တကယ့်ကို လိုက်ရောညီထွေစွာ ချိုးကွေ့နိုင်ရမှာဖြစ်ပြီး ကြောက်ရင်တော့ သူများအပြောခံရမှာမို့ ကိုယ့်ရဲ့အနုပညာနဲ့ ဖန်တီးမှုအတွက် ရဲရဲတင်းတင်းပြောင်းလဲဖို့တော့ လိုတယ်..” ဆိုပြီး ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Kyaw Kyaw Bo’s Facebook
Photo Credit - Kyaw Kyaw Bo’s Facebook

Photo Credit - Kyaw Kyaw Bo’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။