ပရိသတ်ကြီးရေ ဒါရိုက်တာဏကြီးရဲ့ ချစ်ဇနီးချောလေးဖြစ်တဲ့ အကယ်ဒမီပိုင်ဖြိုးသုဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းတွေကို ရရှိထားပြီး အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့ရပ်တည်နေတာဖြစ်ပါတယ်။သုသုပါဝင်သရုပ်ဆောင်ထားတဲ့"မီ"ရုပ်ရှင်ဇာတ်ကားကြီးကလည်း မြန်မာပြည်မှာလည်း ဝက်ဝက်ကွဲအောင်မြင်သလို ပြည်ပနိုင်ငံတွေအထိပါရေပန်းစားပါတယ်။အခုဆိုရင်လည်း"မီ"ရုပ်ရှင်ဇာတ်ကားကြီးကို ကိုရီးယားနိုင်ငံမှာပြသမှာဖြစ်ပါတယ်နော်။

Photo Credit:Ria Bo Vich
Photo Credit:Ria Bo Vich
Photo Credit:Ria Bo Vich

သုသုကတော့ အစဉ်အမြဲ အားသွန်ခွန်စိုက်ကြိုးစားနေတာဖြစ်ပြီး စိတ်စေတနာလည်းကောင်းမွန်တာကြောင့် လူချစ်လူခင်ကလည်းပေါများပါတယ်နော်။မင်းသားချောဇာဏ်ခီနဲ့အတွဲညီစွာသရုပ်ဆောင်ခဲ့တဲ့ ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်တွေအရမ်းကြိုက်နှစ်သက်ကြပါတယ်။သုသုလေးကတော့ အနုပညာစန်းနဲ့ပါရမီအရမ်းကောင်းမွန်တာကြောင့် နောင်တစ်ချိန်မှာ ဒီထက်ပိုပြီးအောင်မြင်ဦးမှာဖြစ်ပါတယ်နော်။

Photo Credit:Ria Bo Vich
Photo Credit:Ria Bo Vich
Photo Credit:Ria Bo Vich

အခုဆိုရင်တော့ သုသုက"မနေ့က သုသု ၇ ကြိမ်မြောက် ကျင်းပတဲ့ Memory Film Festival ကို တက်ရောက်ခဲ့ပါတယ်...နိုင်ငံတကာက respectable film makers တွေနဲ့ တွေ့ဆုံခွင့်ရတဲ့ အပြင် ဂန္တဝင် ရုပ်ရှင်မင်းသမီးကြီး Isabelle Huppert ရဲ့ La Cérémonie ကို ဝဇီရာ ရုပ်ရှင်ရုံမှာ အတူတူကြည့်ခဲ့ရတာ တကယ် အမှတ်တရလေးပါ.....Memory Film Festival မှာ နိုင်ငံတကာနဲ့ပြည်တွင်းရုပ်ရှင်ကားပေါင်း ၆၀ ကျော်ကို ပြသသွားမှာ ဖြစ်တဲ့အတွက် ရုပ်ရှင်ချစ်သူတိုင်း သွားရောက်ကြည့်သင့်တဲ့ festival လေးတစ်ခုပါ ဒေါ်သုတစ်ယောက်တော့ ကလောရိုက်ကွင်းရှိလို့ ကြည့်ချင်တဲ့ ရုပ်ရှင်ကားကောင်းတွေလွတ်တော့မှာမို့ ရင်ထဲမှာ ငိုနေပါပြီနော်..."ဆိုပြီး သူမရဲ့ပွဲတက်ပုံ‌ရိပ်လေးတွေကိုမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Ria Bo Vich
Photo Credit:Ria Bo Vich
Photo Credit:Ria Bo Vich

Source:Paing Phyo Thu's Facebook

Photo Credit:Ria Bo Vich

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။