ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ အနုပညာလောကမှာ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေတခဲနက်အားပေးချစ်ခင်ရသူလေးပဲ ဖြစ်ပါတယ်..။
အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သလို ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ စိတ်ထားလေးကိုလည်း ပိုင်ဆိုင်ထားပြီး ဒါရိုက်တာဏကြီးနဲ့အတူ ကြည်နူးစရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူလေးဆိုလည်း မမှားပါဘူး..။
ပရိသတ်တွေရဲ့ အသည်းကျော်လေး သုသုကတော့ လွန်ခဲ့တဲ့(၁၅)နှစ်လောက်က တစ်ဖွဲ့လုံး သရဲခြောက်ခံရတဲ့ အမှတ်တရလေးအကြောင်းကို ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်..။
ဦးသားကြီးတို့နဲ့အတူ ကလောမှာ “ကြောက်တတ်သူများမကြည့်ရ” ဇာတ်ကားရိုက်ရင်း တစ်ဖွဲ့လုံးသရဲခြောက်ခံရတဲ့အကြောင်းလေးကို ပြောပြထားပြီး ကံကောင်းတာက သူမကတော့ မခြောက်ခံလိုက်ရဘူးဆိုပြီးတော့လည်း ချစ်စဖွယ်လေး ပြောပြထားတာပါ..။
မကြာခင်မှာလည်း ကလောမှာ ရုပ်ရှင်သွားရိုက်ရမှာမို့ လေသိပ်မကြီးရဲဘူး ဆိုပြီးပြောပြထားသလို သရဲခြောက်ခံရတဲ့အကြောင်းလေးကိုလည်း “လူလိုပဲ အမှောင်ကြီးထဲပျောက်သွားပြီးတော့ နောက်တော့မှ နောက်နေ့ကျမှ လူလား သရဲလား သိချင်လို့ တစ်ယောက်ပြန်သွားစပ်စုတယ် အဲ့ဆိုင်ကို ပြန်သွားကြည့်တော့ ဘာမှမရှိဘူး အဲ့တော့မှ သရဲခြောက်ခံလိုက်ရတာပဲ ဆိုပြီးတော့ တွေးမိတယ်..” ဆိုပြီးတော့ ပြောပြထားပါသေးတယ်နော်..။
သရဲအကြောင်းလေးနဲ့ ဇာတ်ကားသွားရိုက်မယ့်အကြောင်းလေးတွေကို ပြောပြထားတဲ့ သုသုလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအားလုံးအတွက် တင်ဆက်ပေးလိုက်တာမို့ ကျေနပ်သေဘာကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။
Photo Credit – Paing Phyoe Thu’s Facebook ၊ Amaing Grace Photography ၊ RBV Photography
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။