အတွဲညီညီနဲ့ သရုပ်ဆောင်ပီပြင်ပိုင်နိုင်လွန်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် ဒိတ်ဒိတ်ကြဲအနုပညာရှင်နှစ်ယောက်ကတော့ နေတိုးနဲ့ သက်မွန်မြင့်တို့ နှစ်ယောက်ပဲ ဖြစ်ပါတယ်..။

ဇာတ်ကားတော်ောတ်များများကို လိုက်ဖက်ညီစွာ သရုပ်ဆောင်နိုင်လွန်းကြတဲ့ နေတိုးနဲ့ ချစ်သက်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ “ဗိုလ်နေတိုး” ဇာတ်ကားမှာလည်း သရုပ်ဆောင်ထားပြီး ပရိသတ်တွေကို ကျေနပ်သဘောကျစေမှာပါနော်..။

Photo Credit - Nay Toe's Facebook
Photo By Myanmarload

နေတိုးနဲ့ သက်မွန်တို့သူငယ်ချင်းနှစ်ယောက်ကတော့ ဇာတ်ကားအတူရိုက်တဲ့ အမှတ်တရလေးတွေပြောရင်း နှစ်ယောက်သား စနောက်ရင်း အူတက်နေအောင် ခွီနေကြပါတယ်နော်..။

သူ့ရဲ့ပါးကို ဘယ်လောက်ထိ ပိန်အောင်လုပ်မလဲလို့ စဉ်းစားတာ မပိန်ဘူး အသက်သာကြီးသွားတယ် ပါးက မပိန်ဘူးလို့ ပြောပြီး စနောက်တဲ့ နေတိုးကို “အသက်ကြီးသွားလည်း ပါးက ပိန်တယ်လို့ ဘယ်သူပြောလဲ ပါးဖောင်းနေတဲ့ အဖွားကြီး အများကြီးပါ..” ဆိုပြီး ချစ်သက်လေးပြန်ပြောတာကိုလည်း ချစ်စဖွယ်လေး မြင်တွေ့ရမှာပါနော်..။

Photo By Myanmarload
Photo By Myanmarload

ဇာတ်ကားရိုက်ရင်း ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေ ပြောရင်း တစ်ယောက်နဲ့တစ်ယောက် စနောက်ကာ ရယ်မောပျော်ရွှင်ပြီး ခွီးနေကြတာလေးကလည်း ပရိသတ်တွေကို အပျော်လေးတွေ ကူးစက်စေပါတယ်နော်..။

"ဗိုလ်နေတိုး" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ RED CARPET SHOW ကိုတက်ရောက်ရင်း ချစ်စရာကောင်းစွာ ခွီနေကြတဲ့ နေတိုးနဲ့ သက်မွန်တို့ရဲ့ ဗီဒီယိုလေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo Credit - Nay Toe's Facebook

Photo Credit - Nay Toe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။