ပရိသတ်တွေရဲ့ အသည်းကျော် မင်းသမီးချောလေး ရွှေသမီးကတော့ ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေရင်ထဲနေရာယူသိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေးပဲ ဖြစ်ပါတယ်နော်..။

ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ သူမရဲ့ ပင်ကိုယ်ပုံရိပ်လေးတွေနဲ့ ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေတာလေးတွေကလည်း သူမရဲ့ဆွဲဆောင်မှုလေးတွေပါပဲ..။


Photo Credit - RBV Photography
Photo Credit - ရွှေသမီး ဖေ့စ်ဘွတ်

အစားအရမ်းစားတဲ့ ပရိသတ်တွေရဲ့ အချစ်တော်လေး ရွှေသမီးကတော့ ဘယ်လောက်စားစား ဗိုက်မဝဘူးလို့ထင်ပြီး ကိုယ့်ကိုကိုယ်သနားကာ အရမ်းစားမိနေတဲ့အကြောင်းလေးကို ချစ်စဖွယ်လေး ပြောပြလာပါတယ်..။

အရင်တကည်းက အရမ်းစားတဲ့ သူမဟာ လတ်တလောမှာ အလုပ်တွေကြောင့် အိပ်ရေးတွေပျက်ပြီး ဘယ်လောက်စားစား ဗိုက်မဝဖြစ်ကာ ကိုယ့်ကိုကိုယ်သနားပြီး ဘယ်တော့ဖြစ်ဖြစ် အစားများများစားမိနေတဲ့အကြောင်းလေးကို ပြောပြထားတာပါ..။


Photo Credit - ရွှေသမီး ဖေ့စ်ဘွတ်
Photo Credit - ရွှေသမီး ဖေ့စ်ဘွတ်

အစားတွေ အရမ်းစားလို့ ခန္ဓာကိုယ်ဝိတ်တက်လာရင်တော့ အစားလေးပြန်ထိန်းပြီး အားကစားလေး နည်းနည်း ပြန်လုပ်ဖြစ်တဲ့အကြောင်းလေးကိုလည်း ရွှေသမီးက ချစ်ပရိသတ်တွေကို ပြောပြထားပါသေးတယ်နော်..။

ချစ်စရာကောင်းတဲ့ ပရိသတ်အသည်းကျော် ရွှေသမီးရဲ့ ချစ်စဖွယ်ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်တာမို့ အသည်းလေေးတွ ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo Credit - ရွှေသမီး ဖေ့စ်ဘွတ်
Photo Credit - ရွှေသမီး ဖေ့စ်ဘွတ်

Photo Credit - ရွှေသမီး ဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။