ပရိသတ်ကြီးရေ Myanmar Idol မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ အဆိုတော်ငွေဇင်လှိုင်းဟာဆိုရင် လက်ရှိမှာလည်း လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်ကျော်ကြားနေတဲ့ လူငယ်တေးသံရှင်တစ်ယောက်ပဲဖြစ်ပါတယ်။Myanmar Idol ပွဲစဉ်တစ်လျှောက်လုံးမှာ ငွေဇင်လှိုင်းကို အကယ်ဒမီသက်မွန်မြင့်တို့က တစ်ခဲနက်အားပေးဝန်းရံကြပြီး မိတ်ဆွေတွေဖြစ်လာခဲ့ပါတယ်။

Photo Credit:Ngwe Zin Hlaing's Facebook
Photo Credit:Ngwe Zin Hlaing's Facebook
Photo Credit:Ngwe Zin Hlaing's Facebook

အခုချိန်မှာဆိုရင် သက်မွန်နဲ့ငွေဇင်လှိုင်းတို့က ခရီးတွေအတူတူထွက်၊Gymတွေ အတူတူဆော့ကာ ခင်မင်ရင်းနှီးနေကြတာဖြစ်ပါတယ်‌နော်။သက်မွန်ရဲ့သားသမီးတွေဖြစ်တဲ့ အားချစ်နဲ့လဝန်းလေးတို့ကိုလည်း ငွေဇင်လှိုင်းက အရမ်းချစ်ပြီး အားတဲ့အချိန်တိုင်း ကလေးတွေနဲ့ အတူတူဆော့ကစားပေးကာ ပျော်ပျော်ရွှင်ရွှင်နေကြတာပဲဖြစ်ပါတယ်။

Photo Credit:Ngwe Zin Hlaing's Facebook
Photo Credit:Ngwe Zin Hlaing's Facebook

အခုဆိုရင်လည်း ငွေဇင်လှိုင်းက သက်မွန်တို့မိသားစုနဲ့အတူတူ ပုဂံကို ခရီးထွက်သွားတာဖြစ်ပါတယ်။အားချစ်နဲ့ လဝန်းလေးကလည်း မမငွေဇင်လှိုင်းနဲ့အတူသွားရလို့ ပျော်ရွှင်နေပြီး ဓာတ်ပုံတွေရိုက်နေကြတာကြောင့် မေမေသက်မွန်တောင် အထူးတလည်ထိန်းစရာမလိုပါဘူးနော်။ပရိသတ်ကြီးလည်း ပျော်ပျော်ပါးပါး ခရီးထွက်သွားကြတဲ့ ငွေဇင်လှိုင်းတို့ပုံရိပ်လေးကို မြင်တွေ့ရအောင်လို့ မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Ngwe Zin Hlaing's Facebook
Photo Credit:Ngwe Zin Hlaing's Facebook
Photo Credit:Ngwe Zin Hlaing's Facebook

Photo Credit:Ngwe Zin Hlaing's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။