ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေးပိုင်ဖြိုးသုကတော့ အနုပညာကိုအားသွန်ခွန်စိုက်ကြိုးစားပြီး ပရိသတ်တွေအတွက်အကောင်းဆုံးအနုပညာတွေကို ထုတ်ပြနေတာဖြစ်ပါတယ်။သုသုလေးရဲ့ သရုပ်ဆောင်ချက်အိုင်တင်တွေက အပိုအလိုမရှိဘဲ ကျရာဇာတ်ရုပ်ကိုပိုင်နိုင်လို့ ပရိသတ်တွေကအရမ်းသဘောကျနေကြတာဖြစ်ပါတယ်။

Photo Credit:RBV
Photo Credit:RBV
Photo Credit:RBV

ပိုင်ဖြိုးသုရဲ့ချစ်ခင်ပွန်းဒါရိုက်တာဏကြီးကလည်း အနုပညာအလုပ်ကို ကြိုးစားတာကြောင့် ဇနီးမောင်နှံနှစ်ယောက်ကတော့ အနုပညာနဲ့ပက်သက်ရင် နားလည်မှုအပြည့်ရှိပြီး ရှေ့သွားနောက်လိုက်အရမ်းညီပါတယ်နော်။လက်ရှိမှာလည်း သုသုလေးက ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးဖို့အတွက် မကြာခဏခရီးတွေထွက်နေရတာဖြစ်ပါတယ်။

Photo Credit:RBV
Photo Credit:RBV
Photo Credit:RBV

ပရိသတ်တွေရဲ့ချစ်မေတ္တာတွေကို ရရှိထားတဲ့ပိုင်ဖြိုးသုက ပရိသတ်တွေအတွက်လည်း အကောင်းဆုံးကြိုးစားပေးနေတာပါ။အနုပညာအလုပ်တွေကို ခြေလှမ်းစိပ်စိပ်လှုပ်ရှားရင်း ဖိတ်ကြားတဲ့ပွဲအခမ်းအနားတွေကိုပါတက်ရောက်နေတာဖြစ်ပါတယ်။အခုဆိုရင်‌လည်း သုသုလေးက အရင်တစ်ပတ် စနေနေ့က ကျင်းပတဲ့ Mibyo Healthcare Opening ceremonyကို မိခင်နဲ့အတူတူတက်ရောက်ခဲ့တဲ့ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Photo Credit:RBV
Photo Credit:RBV
Photo Credit:RBV

Photo Credit:RBV

Source:Paing Phyo Thu's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။