အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ ချောရတနာကတော့ အနုပညာအလုပ်တွေကို ဟိုးအရင်ကတည်းကလုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့ ပြန်လည်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ချောရတနာက ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး မိသားစုနဲ့အတူတူအေးချမ်းစွာ နေထိုင်နေတာပါ။
ချောရတနာက သားတစ်ယောက် သမီးတစ်ယောက်ရဲ့ မိခင်ဖြစ်ပေမယ့်လည်း လှပနုပျိုနေဆဲဖြစ်ကာ အပျိုတုန်းကလိုပါပဲနော်။ချောရတနာရဲ့သားနဲ့သမီးကလည်း အမေတူလေးတွေဖြစ်ကြလို့ ချစ်မွှေးလေးတွေပါပြီး အရမ်းချစ်စရာကောင်းကြပါတယ်။သားနဲ့သမီးကိုလည်း အကောင်းဆုံးပြုစုပျိုးထောင်ပေးနေတဲ့ မေမေချောရတနာက ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းတွေကို ရရှိထားဆဲပါ။
ချောရတနာရဲ့သားကြီးလေးကတော့ မေမေ့လိုအနုပညာကိုဝါသနာပါပြီး တစ်ခါတစ်လေဆိုရင် သီချင်းထဲကအတိုင်းလိုက်ကတတ်ပါသေးတယ်နော်။အခုဆိုရင်လည်း ကောင်းသုတကျော်လေးက မေမေ့ရဲ့လက်ကိုဆွဲပြီး စကားတွေတပြောပြောနဲ့ လျှောက်လည်နေတဲ့ပုံရိပ်လေးကို ချစ်ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။
Photo Credit:Chaw Yadanar's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။