ပရိသတ်တွေသိကြတဲ့အတိုင်းပဲ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့စမိုင်းလ်ကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။စမိုင်းလ်ရဲ့အနုပညာအလှုပ်ရှားမှုတွေကို တစ်ခေတ်တစ်ခါကတည်းကတွေ့မြင်ခဲ့ရပြီး ယနေ့အချိန်ထိလည်း ဖြည်းဖြည်းမှန်မှန်နဲ့လုပ်ဆောင်နေတာကြောင့် ပရိသတ်တွေနဲ့အလှမ်းမဝေးကွာသွားသေးတဲ့မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။

Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook

စမိုင်းလ်ရဲ့အိမ်ထောင်ရေးလေးကို ပရိသတ်တွေကလည်းအားကျကြပြီး ဂရုစိုက်ကြင်နာပေးတဲ့ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားတာကြောင့် ကံအကောင်းဆုံးအမျိုးသမီးလို့ပရိသတ်တွေကသက်မှတ်ထားကြတာဖြစ်ပါတယ်။စမိုင်းလ်ရဲ့သမီးလေးနှစ်ယောက်ကလည်း ဆယ်ကျော်သက်အရွယ်လေးတွေကိုရောက်ရှိနေကြပြီး မေမေ့လိုပဲအနုပညာကိုဝါသနာပါတဲ့သမီးချောလေးတွေဖြစ်ကြပါတယ်။

Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook

ပေါ်ရှာလေးနဲ့ကလိုဝီလေးတို့နှစ်ယောက်က မေမေ့ရဲ့သွန်သင်ဆုံးမမှုတွေအောက်မှာ ထူးချွန်ပြီးလိမ္မာတဲ့သမီးလေးတွေအဖြစ်ကြီးပြင်းလာကြတာဖြစ်ပါတယ်။ပေါ်ရှာလေးဆိုရင် အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး မေမေနဲ့လည်းပွဲတွေကိုတက်ရောက်ပါတယ်။အခုဆိုရင်လည်း ပေါ်ရှာနဲ့ကလိုဝီတို့က ချစ်စရာအမူအရာလေးတွေနဲ့ Tiktok ဆော့နေကြတဲ့ဗီဒီယိုဖိုင်လေးကို မေမေစမိုင်းလ်က မျှဝေလာပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook

Photo Credit:စမိုင်းလ် Smile's Facebook

Video Credit:စမိုင်းလ် Smile's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။