ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချော ခိုင်သင်းကြည်ကတော့ ယနေ့ခေတ်ထိ အောင်မြင်မှုတွေကိုထိန်းထားနိုင်ပြီး ပရိသတ်တွေရဲ့ချစ်မေတ္တာကိုရရှိနေဆဲဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ ခိုင်သင်းကြည်ကို မခိုင်လေးလို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့ချစ်စရာအမူအရာလေးတွေနဲ့ ဟာသလေးတွေပြောဆိုတတ်တာလေးတွေကို ချစ်နေရတာဖြစ်ပါတယ်။

Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook

ခိုင်သင်းကြည်က သမီးချောလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး ထိပ်ထိပ်လေးကလည်း အနုပညာကိုဝါသနာပါတာကြောင့် အခုအရွယ်လေးနဲ့တင် တတ်နိုင်သလောက်လေးတွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။ထိပ်ထိပ်လေးက ပညာရေးကိုသာဦးစားပေးနေတာကြောင့် အနုပညာအလုပ်တွေကို တွင်တွင်ကျယ်ကျယ်မလုပ်ကိုင်သေးပေမယ့် မေမေနဲ့အတူတူကြော်ငြာတွေရိုက်ကူးပြီး ပွဲအခမ်းအနားတွေတော့တက်ရောက်နေပါတယ်နော်။

Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook

မခိုင်လေးတို့သားအမိနှစ်ယောက်ကလည်း ညီအစ်မတွေလို ပွင့်ပွင့်လင်းလင်းနဲ့ပျော်ပျော်ရွှင်ရွှင်နေတတ်ကြပါတယ်။သားအမိနှစ်ယောက်အတူတူ Gymကစားလိုက်၊မုန့်တွေစားလိုက်နဲ့ အရမ်းချစ်စရာကောင်းကြလို့ ပရိသတ်တွေကအားကျနေရတာပါ။အခုဆိုရင်လည်း Sinon Loresca နဲ့အတူ ချစ်စရာအမူအရာလေးတွေလုပ်ပြနေတဲ့ မခိုင်လေးတို့သားအမိနှစ်ယောက်ရဲ့ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook

Photo Credit:Khine Thin Kyi's Facebook

Video Credit:Khine Thin Kyi's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။